အနုပညာအလုပ်များရပ်နားလိုက်တော့မယ့် ဂူဟဲဆောင်းန်
02 Sep 2019 1,822 Views

မြန်မာပရိတ်သတ်တွေ F4 မင်းသမီးလေး ဂင်ဂျန်ဒီလို့သိကြတဲ့ သရုပ်ဆောင် ဂူဟဲဆောင်းန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ခင်ပွန်းသည် အန်ဂျယ်ဟွန်းက သူမကို ကွာရှင်းလိုတဲ့အကြောင်း အင်စတာဂရမ်ကနေတစ်ဆင့် ပရိတ်သတ်ကို အသိပေးကြေညာထားပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ ဂူဟဲဆောင်န်း အနုပညာလောကမှ အပြီးအပိုင်ရပ်နားသွားတော့မည်ဖြစ်ကြောင်း အင်စတာဂရမ်မှာ စာရေးသားပြီးဖော်ပြလာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
.jpg)
“မင်္ဂလာပါ။ ကျွန်မ ဂူဟဲဆောင်းန်ပါ ကျွန်မရဲ့ ‘I’m Your Companion Animal’ ဆိုတဲ့ စာအုပ်လေး မထွက်ရှိခင် အားလုံးကိုနောက်ဆုံးအနေနဲ့ နှုတ်ဆက်သွားချင်လို့ပါ။”
“ကျွန်မကို ချစ်ပေးကြတဲ့သူတွေ အားပေးကြတဲ့သူတွေ တစ်ဦးတစ်ယောက်ချင်းစီကို ရင်ထဲက စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ပါရစေ။ ရှင်တို့ကြောင့် ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ ကျန်းမာရေး ဂရုစိုက်ပြီး အနာဂတ်မှာ ပျော်ရွှင်တဲ့ဘဝ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ။ အရမ်းချစ်ပါတယ်။” ဆိုပြီးရေးသားထားပါတယ်။
.png)
I’m Your Companion Animal စာအုပ်ဟာ မချစ်တတ်သေးတဲ့ မိန်းကလေးတစ်ယောက် အချစ်ကို တွေ့ရှိသွားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ဖြစ်တတ်တဲ့အကြောင်း ရေးသားထားတာဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ဂူဟဲဆောင်းန်ရဲ့ နောက်ဆုံးအနုပညာလှုပ်ရှားမှုပဲဖြစ်ပါတယ်။
.jpg)
Ref:koreaboo
(ပိုပိုလေး)







