ပရိတ်သတ်တွေ လေးစားသွားရတဲ့ Lisa ရဲ့အပြုအမူတစ်ခု
02 Sep 2019 1,744 Views

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink မှာအငယ်ဆုံးအဖွဲ့ဝင် Lisa ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်က Moonshot Event ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ Lisa ကိုမြင်တွေ့ရဖို့ ပရိတ်သတ်တွေ အများကြီး လာရောက်ခဲ့ကြပါတယ်။ Lisa ဟာ ပွဲကိုဖြစ်မြောက်စေတဲ့ သူတစ်ဦးတစ်ယောက်ချင်းစီကို လက်အုပ်ချီပြီးနှုတ်ဆက်ခဲ့ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Lisa ဟာ ထိုင်းလူမျိုးဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတစ်ယောက်ပါ။
Moonshot Event ကို လာရောက်တဲ့ လူတစ်ဦးတစ်ယောက်ချင်းစီကို လက်အုပ်ချီပြီး လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။
Lisa ဟာ ကမ္ဘာကျော် idol တစ်ယောက်ဖြစ်ပေမယ့် မာန်မာနတွေဘာတွေ မထောင်လွှားတတ်တဲ့ ကလေးမလေးပါ။သီချင်းဆိုတဲ့နေရာမှာ အရည်အချင်းရှိသလို အပြုအမူလေးတွေကလဲ ချစ်ဖို့ကောင်းတာကြောင့် Lisa ကိုချစ်ခင်နှစ်သက်တဲ့ ပရိတ်သတ်တွေ ပိုပိုများလာပါတယ်။
Lisa ဟာ သူဘယ်လောက်ပဲ နာမည်ကြီးကြီး၊ ဘယ်လိုနေရာမျိုးမှာပဲ ရောက်နေနေ ဘဝမမေ့တတ်တဲ့ကလေးမလေးပါ။
ပရိတ်သတ်ကိုလဲ တလေးတစားဆက်ဆံတတ်တာကြောင့် မချစ်ပဲနဲ့ မနေနိုင်တော့ပါဘူး။
Ref:koreaboo
(ပိုပိုလေး)