BEC-TERO TV

ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့ ရလို့ မျက်ရည်ကျခဲ့ရတဲ့ နေမာ

06 Sep 2019     1,392 Views


ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ မှာ ဘာစီလိုနာအသင်းကို ပြန်မရောက်ခဲ့တဲ့ အတွက် ဝမ်းနည်းမျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိမယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဥရောပ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာလ ၂ ရက်နေ့ အထိ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွေ့ မဖြစ်မြောက်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းမှာသာ ဆက်ရှိနေခဲ့ရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပြီး အသင်းပြောင်းဖို့အတွက် စိတ်အားထက်သန်နေပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွေ့ ငွေကြေး ကိစ္စတွေမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ အပါတ်က အပြောင်းအရွေ့ မဖြစ်မြောက်ကြောင်း နေမာထံ ဆက်သွယ်အသိပေးခဲ့တယ်လို့သိရပါတယ်။

ပီအက်စ်ဂျီအသင်းက နေမာအတွက် ယူရိုသန်း ၁၅၀ အပြင် ဂျင်းကလဲတိုဒီဘို၊ ရာကီတစ်နဲ့ ဒမ်ဘီလီတို့ကို အလိုက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တိုဒီဘိုနဲ့ ရာကီတစ်တို့ ၂ ဦးကသာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ဒမ်ဘီလီကတော့ နေမာရဲ့ အပြောင်းအရွှေ့ တစ်စိတ် တစ်ပိုင်းမှာ မပါဝင်လိုဘူးလို့ ဆိုပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ခွင့်ရဖို့အတွက် သူ့ ကိုယ်ပိုင် ပိုက်ဆံထဲ့က ယူရို သန်း (၂၀) ကိုစိုက်ထုတ်အသုံးပြုခဲ့တယ်လို့ Mundo Deportivo ရဲ့ဖော်ပြချက်အရ သိရပါတယ်။နေမာဟာ ၂၀၁၇ ခုနှစ်နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။


06 Sep 2019     1,392 Views




RELATED

Most Popular of Football

Most Popular of Sport