BEC-TERO TV

ဂျပန်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားသွားမယ်လို့ အောင်သူပြောကြား

09 Sep 2019     1,350 Views


လာမယ့် စက်တင်ဘာ (၁၀) ရက်နေ့မှာ မြန်မာအသင်းဟာ အာရှထိပ်သီးကလပ်ဂျပန်အသင်းကို အိမ်ကွင်းမှာ  ကစားသွားရမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူက ဂျပန်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်အသင်းကို ယှဉ်ဆိုင်ကစားဖို့ ခက်ခဲမယ်ဆိုပေမယ့်  လွယ်လွယ်ကူကူ တိုက်စစ်ဆင်ခွင့်မရရန် တုံ့ပြန်ကစားမည်ဖြစ်မှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူက “ ဂျပန်ဆိုတာ ထပ်သီးအသင်းကြီးပါ။ ဒီလိုအသင်းကို သူတပြန် ကိုယ်တစ်ပြန် ကစားဖို့ဆိုတာ မဖြစ်နိင်ပါဘူ။ ဒါပေမယ့် သူတို့အသင်း ကျွန်တော်တို့ကို လွယ်လွယ်ကူကူ ကစားလို့မရအောင် အကောင်းဆုံး တုံ့ပြန်ကစားသွားမှာပါ။ ” လို့ ပြောပါတယ်။

မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု(F) မှာ ဂျပန်၊ ကာ ဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့ နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ပွဲစဉ်(၁) မှာ မွန်ဂိုလီယားအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။

ဂျပန်အသင်းဟာ ကမ္ဘာ့ ဖလားကို (၆) ကြိမ်ဆက် ပါဝင်ကစားခွင့်ရထားတဲ့ အသင်းကြီးတစ်သင်းဖြစ်ပြီး ဥရောပမှာသွားရောက်ကစားနေတဲ့ ကစားသမားအများစုနဲ့ ပါဝင်ဖွဲ့ စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရော မြန်မာလက်ရွေးစင်အသင်းနဲ့ ဂျပန်လက်ရွေးစင်အသင် ဘယ်အသင်းကအနိုင်ရပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်မလဲဆိုတာကို ကော်မန့်မှာ ခန့်မှန်းသုံးသပ်ပေးပါဦး….

 


09 Sep 2019     1,350 Views




RELATED

Most Popular of Football

Most Popular of Sport