BEC-TERO TV

ရုရှားဖိုက်တာ ခါဘစ်ကို မကျေပွဲပြန်လည် ထိုးသတ်ဖို့ စိန်ခေါ်ခဲ့တဲ့ မက်ဂရီကော်

09 Sep 2019     1,924 Views


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ဒူဘိုင်းမှာ ထိုးသတ်ခဲ့တဲ့ UFC  Lightweight ချန်ပီယံ ခါးပတ်လုပွဲကို ရုရှား ဖိုက်တာ ခါဘစ်က အမေရိကန်ဖိုက်တာ ပိုရီရာကို ၃ ချီမြောက်မှာဘဲ ပြိုင်ဘက်လည်ပင်းကို ရုံးလို့မရအောင် ချုပ်ကွက်နဲ့ UFC  Lightweight ချန်ပီယံဆုကို အငြင်းပွားဖွယ်မရှိ ပြတ်သားစွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ တစ်ချိန်က ခါဘစ်ရဲ ့ပြိုဘက်ဟောင်းကြီး ကော်နာ မက်ဂရီကော်က မကျေပွဲပြန်လည် ထိုးသတ်ဖို့ Twitter မှတဆင့်ခါဘစ်ကို စိန်ခေါ်ခဲ့ပါတယ်။ တစ်ချိန်က ခါဘစ်ကိုရှုံးနိမ့်ထားခဲ့ရတဲ့ မက်ဂရီကော်က Twitter  စာမျက်နှာမှာ “မော်စကိုမှာ ငါနဲ့မကျေပွဲပြန်လည်ထိုးသတ်ဖို့ လုပ်ထားလိုက်တော့ ” လို့ရေးသားကာ စိန်ခေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက မက်ဂရီကော်ဟာ ခါဘစ်ကို တစ်ကြိမ်ရှုံးနိမ့်ထားခဲ့ဖူးတာဖြစ်ပြီး ပွဲအပြီးမှာလည်း နှ
စ်ဖက်အချင်းများကာ အငြင်းပွားဖွယ် ပြသာနာတွေကြုံတွေ ့ခဲ့ရပါတယ်။ ဒါ့ကြောင့် မက်ဂရီကော်က ခါဘစ်ကို မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ စိတ်အားထက်သန်နေပြီး အခုလိုနောက်တစ်ကြိမ် စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
 
ဒါပေမယ့် UFC ဥက္ကဌ ဒါနာ ဝှိုက် ကတော့ “ခါဘစ်က နောက်တစ်ကြိမ်ထိုးသတ်မယ့် ဖိုက်တာက ကော်နာမဟုတ်ပါဘူး ၊ တိုနီ ဖာဂူဆန် ပဲဖြစ်ပါတယ်။ ခါဘစ်ကတော့ တိုနီ ဖာဂူဆန်နဲ ့ထိုးသတ်ဖို့ အတွက် လျာထားတာဖြစ်ပြီး တိုနီ ဘက်က လက်ခံ ၊ လက်မခံတော့ မသိသေးပါဘူး။ တိုနီသာ လက်ခံရင်တော့ ပွဲဖြစ်ပါပြီ ” လို့ ပြောပါတယ်။

“အကယ်လို့ ပွဲသာဖြစ်မလာခဲ့ရင် နောက်တစ်မျိုးစဉ်းစားသွားရမှာပေါ့ ။ ကော်နာဘက်ကလည်း ခါဘစ်နဲ့ အရမ်းကို ထိုးချင်နေတာ သိပါတယ်။ ပရိတ်သတ်တွေကလည်း ဒါကို မြင်ချင်နေကြပါပြီ ” ပြောကြားခဲ့ပါတယ်။
 
ရုရှားဖိုက်တာ ခါဘစ်ဟာ MMA အားကစားလောကမှာ ၂၈ ထိုးသတ်ထားပြီး ၂၈ ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ သူနဲ့ထိုးသတ်ဖို့ ရည်ရွယ်ထားတဲ့ တိုနီကတော့ 25 ပွဲ နိုင် 3 ပွဲ ရှုံးနိမ့်ထားပါတယ်။

09 Sep 2019     1,924 Views




RELATED

Most Popular of Boxing

Most Popular of Sport