BEC-TERO TV

စတာလင်က နေမာထက်ပိုကောင်းပြီး ဘလွန်းဒီအောဆုပါရနိုင်ပါတယ် #ချဲလ်ဆီးကစားသမားဟောင်း

09 Sep 2019     1,384 Views


မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသ ဂိုးတွေသွင်းထားနိုင်တဲ့ စတာလင်ကို ချဲလ်ဆီးအသင်း နှင့် မာဆေးအသင်း ကစားသမားဟောင်း တိုနီ ကက်စကယ်ရီနိုက ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

တိုနီ ကက်စကယ်ရီနိုက “စတာလင်ဟာ ကမ္ဘာ့ အကောင်းဆုံး (၅) ဦးထဲ့မှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာထက် ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်နှစ်တွေမှာ ဘလွန်းဒီအောဆုကိုပါ ပစ်မှတ်ထားလာနိုင်တဲ့ ကစားသမားတစ်ဖြစ်ပါတယ်။ ”

“ နေမာနဲ့စတာလင် တစ်ယောက်ကိုရွေးပါလို့ပြောရင် ကျွန်တော်က စတာလင်ဘက်ကရှိနေမှာပါ။ ကွင်းပြင်ပကိစ္စတွေပါပြောရင် စတာလင်က နေမာထက်သာပါတယ်။ စတာလင်လည်းဟာ အကောင်းဆုံးအသင်းမှာကစားနေတာဖြစ်ပြီး နေမာလိုပဲ သွင်းဂိုးတွေ ဖန်တီးမှုတွေကို စတာလင်လည်း လုပ်နိုင်ပါတယ်။ အသက်လည်း (၂၄) ရှိသေတာမို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ လက်အောက်မှာ ဒီထက်ပိုကောင်းလာနိုင်တဲ့ ကစားသမားတစ်ဦးပါ ”

“ငြင်းခုန်ပြီး ပြောတာမဟုတ်ပါဘူး ၊ တစ်ကယ် စတာလင်ဟာ ကမ္ဘာ့ အကောင်းဆုံး (၅) ဦးထဲ့မှာ တစ်ယောက်ပါ။မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုသာရရင် စတာလင်ဟာ ဘလွန်းဒီအောဆုကို ဆွပ်ခူးနိုင်တယ်”  လို့ ပြောကြားလိုက်ပါတယ်။

စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသထားနိင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဘူဂေးရီးယားအသင်းနဲ့ကစားတဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။


09 Sep 2019     1,384 Views




RELATED

Most Popular of Football

Most Popular of Sport