BEC-TERO TV

ကိုဆိုဗိုနဲ့ပွဲမှာ ရက်ဖို့စ်အစား ဆန်ချိုကိုနေရာပေးသွားမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်

10 Sep 2019     1,758 Views


ယနေ့ညမှာ အင်္ဂလန်အသင်းဟာ ကိုဆိုဗိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ ကိုဆိုဗိုအသင်းနဲ့ကစားမည့် ပွဲမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ကစားသမားလူစာရင်း အနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့သွားဖို့ ရှိတယ်လို့သိရပါတယ်။ ဆောက်ဂိတ်က ယနေ့ညမှာတော့ ရက်ဖို့စ်အစား ဒေါ့မွန်အသင်းကစားသမား ဆန်ချိုကိုနေရာပေးသွားမယ်လို့ သိရပါတယ်။

မန်ယူတိုက်စစ်မှူး ရက်ဖိုစ့် ဘူဂေးရီးယားကိုအနိုင်ရရှိတဲ့ ပွဲစဉ်မှာ သွင်းဂိုးရဖို့အတွက် ရုံးကန်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ စပါးတိုက်စစ်မှူး စပါးတိုက်စစ်မှူး ဟာရီကိန်းက ဟက်ထရစ်သွင်းယူနိင်ခဲ့ပြီး မန်စီးတီးကစားသမား စတာလင်က တစ်လုံးသွင်းယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြီးခဲ့တဲ့ပွဲမှာ  Full backs ကစားခဲ့တဲ့ ထရစ်ပီယာ နဲ့ ဒန်နီရို့စ် တို့နေရာမှာ အာနိုးနဲ့ ဗန်ချီဝဲ တို့ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲရပြီး ရမှတ် (၉) မှတ်နဲ့ ဦးဆောင်နေပါတယ်။


10 Sep 2019     1,758 Views




RELATED

Most Popular of Football

Most Popular of Sport