BEC-TERO TV

ရော်နယ်ဒိုကြောင့် စပွန်ဆာခတွေတိုးမြှင့်ရရှိတော့မယ် ဂျူဗင်တပ်စ်

10 Sep 2019     1,295 Views


ဂျူဗင်တပ်စ်အသင်းဟာ မကြာခင်မှာ အသင်းရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ Jeep နဲ့တစ်နှစ်ယူရို သန်း(၅၀) စာချုပ်နိုင်တောမယ့်လို့သိရပါတယ်။ ဂျူဗင်တပ်စ်ကိုအသင်းကို ရော်နယ်ဒိုရောက်ရှိလာပြီးနောက်ပိုင်း အားပေးသူတွေ ပိုမိုများပြားလာတာဖြစ်တာကြောင့် အခုလိုစာချုပ်တန်ဖိုး တိုးမြှင့်ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနှင့် Jeep တို့ဟာ အရင်က တစ်နှစ်ယူရို (၁၆) သန်းသာရှိခဲ့ပြီး ရော်နယ်ဒိုရောက်ရှိပြီးနောက် တစ်နှစ်လျှင် ယူရိုသန်း(၅၀) မြင့်တက်လာနိုင်ဖွယ်ရှိတောဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း နှင့် Jeepတို့၏စပွန်ဆာစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးသော်အခါ ယခုအခါမှာ စာချုပ်သက်တမ်းတိုးချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေကြပြီလို့ သိရပါတယ်။

ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ အွန်လိုင်းဆိုရှယ်မီဒီယာမှာ အားပေးသူ ၆၈%အထိ တစ်ဟုန်တိုးများလာခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ၂၀၁၈ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်မှ ပေါင်သန်း(၁၀၀) ဖြင့်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Jeepဟာ ဂျူဗင်တပ်စ်အသင်းကို၂၀၁၅ ခုနှစ်မှစတင် ၍ စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး အခုအချိန်ထိ စာချုပ်သက်တမ်း ချုပ်ဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ဝတ်စုံစပွန်စာဖြစ်တဲ့ Adidasနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုနိုင်ခဲ့ပါတယ်။


10 Sep 2019     1,295 Views




RELATED

Most Popular of Football

Most Popular of Sport