BEC-TERO TV

အဖြူရောင်အ၀တ်လေးများဧ။်ကျက်သရေရှိမှု

07 Sep 2015     1,383 Views


အဖြူရောင်လေးတွေကိုဝတ်လိုက်တဲ့အခါ ကြည့်လိုက်တာနဲ့သန့်ရှင်းပြီးလူတွေကြားထဲမှာတည်ငြိမ်ပြီး လှပစေပါတယ်။ အဖြူရောင်ဝတ်မယ်ဆိုရင် ရိုးရှင်းလှပတဲ့အဖြူရောင်ဝတ်စုံကိုစတိုင်ကျကျဝတ်ချင်တယ်ဆိုရင် အဖြူပြောင်ဝမ်းဆက်ကိုရွေးချယ်တာတော့အကောင်းဆုံးပါပဲ နေရာစုံဝတ်ဆင်လို့လဲရပါတယ် အဖြူရောင်က အပါးသားပဲဖြစ်ဖြစ် အထူသားပဲဖြစ်ဖြစ် ၀တ်ဆင်လို့ရပါတယ်။ အဖြူရောင်ကအပေါ်ကနေထပ်ဝတ်အနေနဲ့လဲဝတ်လို့ရပါတယ်။

ဆံစကနေ အောက်အထိအဖြူရောင်လွင်လွင်လေးတွေကိုဝတ်မယ်ဆိုရင်တော့ကျက်သရေရှိတဲ့ ဖက်ရှင်ကိုလူအများကြားမှာပေါ်လွှင်စေပါလိမ့်မယ် ။ အကျီင်္ ၊ဘောင်းဘီ အဖြူအပြင် ဖိနပ်တွေ ကလစ်တွေ ၊ခေါင်းစီး တွေကို သန့်ရှင်းဖြူဖွေးနေအောင်ဝတ်မယ်ဆိုရင်လဲ လှပစေပါမယ်။တကယ်လို့ တကိုယ်လုံးဖြူစွတ်နေတာကိုမကြိုက်ဘူးဆိုရင် တောက်ပတဲ့ အိတ်လေးတွေ ၊အရောင်တောက်တောက်ဖိနပ်လေးတွေ ၊အရောင်တဖျက်ဖျက်နဲ့ လှပတဲ့လက်ဝတ်ရတနာလေးတွေနဲ့ဆက်မြန်းပေးလို့ရပါတယ် ။အဖြူရောင်ဝမ်းဆက်ဝတ်တဲ့အခါ အပေါ်အောက်အသားမတူတာမျိုးကိုဝတ်လဲရပါတယ်။

အပေါ်က ဇာထူထူအကျီင်္ကိုဝတ်ထားတယ်ဆိုရင် အောက်က ခပ်ပါးပါးပိုးထည်စကပ် မျိုးနဲ့တွဲပြီးဝတ်လို့ရပါတယ် ။ချည်ထည်ပိုးထည်နဲ့ချုပ်လုပ်ထားတဲ့အကျီင်္ဆိုရင်တော့ အဖြူရောင်သားမွှေးစကပ်တွေ ဘောင်းဘီတွေနဲ့တွဲဖက်ပြီး ရှိုးထုတ်လို့ရပါတယ်။အဖြူရောင်ကို သတ္တုရောင်လည်ဆွဲတွေ ၊လက်ကောက်တွေ နဲ့တွဲဝတ်လို့ရပါတယ် ပိုမိုလင်းလက်တဲ့ ဖက်၇ှင်ကိုလိုချင်ရင် သတ္တုရောင်တောက်တောက်လက်ကိုင်အိတ် နဲ့ ရှူးဖိနပ်လေးတွေ နဲ့ပေါင်းစပ်ပြီးလဲ ၀တ်ဆင်လို့ရပါတယ်။ ထားသွားထလာအနေနဲ့ ကိုယ့်ရဲ့ အကျီင်္ကိုပေါ့ပေါ့ပါးပါး အဖြူရောင်ဒီဇိုင်းရွေးလို့ရပါတယ်။ ရှပ်အကျီ် အဖြူလေးနဲ့ ဂျင်းဘောင်းဘီအတိုလေးနဲ့တွဲဝတ်မယ်ဆိုရင်ပေါ့ပါးလှပနေမှာဖြစ်ပါတယ်။


07 Sep 2015     1,383 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style