BEC-TERO TV

မတူညီတဲ့ နိုင်ငံပေါင်း (၄၀) ကိုဂိုးသွင်းယူထားနိုင်တဲ့ ရော်နယ်ဒို

11 Sep 2019     1,661 Views


ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က လစ်သူယေးနီးယားအသင်းကို ၁-၅ ဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ သွင်းဂိုး(၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း (၁၆၀) ကစားထားပြီး သွင်းဂိုးပေါင်း (၉၃) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

မတူညီတဲ့ နိုင်ငံ (၄၀) ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားအဖြစ်လည်း မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အီရန်ကစားသမား အလီဒါယီ၏စံချိန်ကို လိုက်မှီရန်သွင်းဂိုး(၁၆) ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ နိုင်ငံနှင့် ကလပ်အသင်းအတွက် ဟက်ထရစ်အကြိမ်ရေ (၅၄) ကြိမ်အထိရှိလာပြီဖြစ်ပါတယ်။


11 Sep 2019     1,661 Views




RELATED

Most Popular of Football

Most Popular of Sport