BEC-TERO TV

ရောင်ရမ်းမှုလျှော့ကျစေနိုင်တဲ့ အကောင်းဆုံးအသားအရေထိန်းသိမ်းမှုများအကြောင်း

07 Sep 2015     1,310 Views


ကိုယ်က ဓါတ်မတည့်လွယ်တဲ့အသားအရေ ဖြစ်မယ်ဆိုရင် ရှားစောင်းလက်ပတ် က နေရောင်ဒဏ်ရာကို သက်သာစေသလို ရောင်ရမ်းမှုကိုလျှော့ကျစေတဲ့ ဂုဏ်သတ္တိတွေပါ ပါတယ်။ အသားအရေကိုလဲအေးမြစေပါတယ်။ ထို့ကြောင့် ဓါတ်မတည့်လွယ်တဲ့အသားအရေ ရှိသူတွေက ရှားစောင်းလက်ပတ်ပါဝင်တဲ့ ပစ္စည်းမျိုးကိုေ၇ွးချယ် ၀ယ်ယူသင့်ပါတယ်။

ဂျုံမှုန့်အကြမ်း က အသားအရေကို ကုသပေးနိုင်တယ်ဆိုတာကိုရှေးယခင် အီဂျစ်လူမျိုးတွေထဲက သိထားခဲ့တာဖြစ်ပါတယ်။မျက်နှာပေါင်းတင်တဲ့ အခါ ဂျုံမှုန့်အကြမ်းပါဝင်တဲ့အမျိုးအစားကို ရွေးချယ်ပေးသင့်ပါတယ် ။ လက်ဖက်စိမ်း ကလဲအစွမ်းထက်တဲ့ အင်တီအောက်စီ့တန့် တမျိုးပါဝင်ပါတယ်။ အသားအရေမှာ မထိခိုက်အောင်ကာကွယ်ပေးတဲ့အပြင် အသားအရေအိုမင်းမှုအပြောင်းအလဲတွေနဲ့ပက်သက်ပြီး မဖြစ်အောင်လဲ ထိန်းသိမ်းပေးထားနိုင်ပါတယ် ။

လက်ဖက်စိမ်းမှာဆိုရင် အသားအရေ ဓာတ်မတည့်မှု ကိုဖြစ်နိုင်ချေ လျှော့ကျနိုင်တဲ့ အစွမ်းတွေလဲရှိပါတယ်။နေ့စဉ်သုံး ရွေးချယ်တဲ့အခါမှာလဲ green tae ပါတာကိုရွေးချယ်ပေးရပါမယ်။ ထိလွယ်ခိုက်လွယ်တဲ့အသားအရေဆိုရင်တော့ နွယ်ချိုနဲ့ပြုလုပ်ထားတဲ့ ညလိမ်း ခရင်ကိုအသုံးပြုသင့်ပါတယ်။ သခွားသီးလိုအေးမြစေတဲ့ အရေပြားလောင်ကျွမ်းမှုတွေ စက်ဖျင်းဖျင်းဖြစ်တာတွေ ကို သခွားသီးအနှစ်ပါတဲ့ ပစ္စည်းတွေကိုရွေးချယ်ပေးသင့်ပါတယ် ။ 


07 Sep 2015     1,310 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style