BEC-TERO TV

ကွာတားဖိုင်နယ်အဆင့်မှာ အိန္ဒိယကစားသမား ဆာမီယာနဲ့ ယနေ့ယှဉ်ပြိုင်သွားမည်

13 Sep 2019     1,683 Views


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် မြန်မာအင်တာနေရှင်နယ်လိဂ် စီးရီး ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ထိုင်ကစားသမား ဆာရာပွန်းကို  ၂ နှစ်ပွဲပြတ်အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 
ယနေ့မှာတော့ သက်ထားသူဇာဟာ ကွာတားဖိုင်နယ်မှာတော့ အင်ဒိုနီးရှား ကစားသမားကို ၂ ပွဲပြတ် အနိုင်ယူခဲ့တဲ့ အိန္ဒိယကစားသမား ဆာမီယာနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။ အသက် (၁၆) နှစ်အရွယ်ရှိ အိန္ဒိယကစားသမား ဆာမီယာဟာ ကမ္ဘာ့အဆင့် ၅၈၁ မှာရပ်တည်နေပါတယ်။

ဆာမီယာဟာ သက်ထားသူဇာထက် အသက်ပိုင်းအရလည်းငယ်သလို လက်ရှိ ကမ္ဘာ့အဆင့်မှာလည်း အတော်လေးကွာခြားနေတာကို တွေ ့ရပါတယ်။ မြန်မာလက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် (၇၃) မှာရပ်တည်နေတဲ့ အားကစားမယ်တစ်ယောက်ဖြစ်ပါတယ်။
 
သက်ထားသူဇာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် စီးရီးပြိုင်ပွဲတွေမှာ ရမှတ်တွေ လိုက်လံ စုဆောင်းနေသူ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ တိုကျိုမှာကျင်းပမယ့် ၂၀၂၀  အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ရမှတ်တွေကို စုဆောင်းနေတာဖြစ်ပါတယ်။ ယခုအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ခုနှစ် မြန်မာအင်တာနေရှင်နယ်လိဂ် စီးရီး ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ့်ဆိုရင် သက်ထားသူဇာဟာ ရမှတ် ၂၅၀၀ ထပ်မံရရှိမှာဖြစ်ပြီး လက်ရှိမှာ ရမှတ်ပေါင်း ၇၂၉၃ မှတ်ရရှိထားပြီလို့ သိရပါတယ်။
 
ဒိပြိုင်ပွဲပြီးရင် သက်ထားသူဇာဟာ ဆက်လက်ပြီး ပြိုင်ပွဲတွေဆက်လက်ယှဉ်ပြိုင်ဖို့ မော်လ်ဒိုက်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။

 


13 Sep 2019     1,683 Views




RELATED

Most Popular of Special or Others

Most Popular of Sport