BEC-TERO TV

အိန္ဒိယကစားသမား ဆာမီယာကို အနိုင်ယူပြီး ဆီးမီးဖိုင်နယ်ကိုတက်ရောက်သွားတဲ့ သက်ထားသူဇာ

13 Sep 2019     1,602 Views


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် မြန်မာအင်တာနေရှင်နယ်လိဂ် စီးရီး ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ အိန္ဒိယကစားသမား ဆာမီယာကို ၂ -၁ ဖြင့့်် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။
 
သက်ထားသူဇာဟာ ဆာမီယာကို ခက်ခက်ခဲခဲကစားရပြီး ပထမပွဲမှာ ၂၁- ၁၃ မှတ်ဖြင့်အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာ ဆာမီယာက ၁၃-၂၁ ဖြင့်ပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲမှာ ၂၁-၁၆ ဖြင့်အနိုင်ယူပြီး နိုင်ခဲ့ပါတယ်။
 
ပထမပွဲ

အသက် (၁၆) နှစ်အရွယ်ရှိ အိန္ဒိယကစားသမား ဆာမီယာဟာ ကမ္ဘာ့အဆင့် ၅၈၁ မှာရပ်တည်နေပြီး မြန်မာလက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် (၇၃) မှာရပ်တည်နေတဲ့ အားကစားမယ်တစ်ယောက်ဖြစ်ပါတယ်။
 
သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် ထိုင်း-အင်ဒိုနီးရှားပွဲမှ အနိုင်သူနှင့် ဆက်လက်ယှဉ်ပြိုင်ရမည ်ဖြစ်ပါတယ်။
 
ဒုတိယပွဲ

 

သက်ထားသူဇာကတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး အတွက် စီးရီးပြိုင်ပွဲတွေမှာ ရမှတ်တွေ လိုက်လံ စုဆောင်းနေသူ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ တိုကျိုမှာကျင်းပမယ့် ၂၀၂၀  အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ရမှတ်တွေကို စုဆောင်းနေတာဖြစ်ပါတယ်။ ယခုအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ခုနှစ် မြန်မာအင်တာနေရှင်နယ်လိဂ် စီးရီး ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ့်ဆိုရင် သက်ထားသူဇာဟာ ရမှတ် ၂၅၀၀ ထပ်မံရရှိမှာဖြစ်ပြီး လက်ရှိမှာ ရမှတ်ပေါင်း ၇၂၉၃ မှတ်ရရှိထားပြီလို့ သိရပါတယ်။
 
ဖိုင်နယ်ပွဲ

ဒိပြိုင်ပွဲပြီးရင် သက်ထားသူဇာဟာ ဆက်လက်ပြီး ပြိုင်ပွဲတွေဆက်လက်ယှဉ်ပြိုင်ဖို့ မော်လ်ဒိုက်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။

 


13 Sep 2019     1,602 Views




RELATED

Most Popular of Special or Others

Most Popular of Sport