BEC-TERO TV

ရှုံးပွဲမရှိဖြင့် ဗိုလ်စွဲခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း ဆုကြေးငွေ သိန်း(၁၀၀၀) ဆွပ်ခူးရရှိ

16 Sep 2019     1,794 Views


၂၀၁၉ ရာသီ မြန်မာနေရှင်းနယ်လိဂ် အမှတ်ပေးပြိုင်တွင် ရှမ်းယူနိုက်တက်အသင်းဟာ တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ရမှတ် () ဖြင့်ဗိုလ်စွဲသွားနိုင်ခဲ့ပါတယ်။ ပွဲစဉ် (၂၂)တွင် ရှမ်းယူနိုက်တက်အသင်းဟာ အိမ်ကွင်းတွင် (၄-၁) ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

MNL ပြိုင်ပွဲတစ်လျှောက်မှာ တစ်ရာသီလုံးရှုံးပွဲမရှိခဲ့သည့်အသင်း နှစ်သင်းရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၁ ရာသီတွင် ဧရာဝတီအသင်းမှာ တစ်ရာသီလုံးရှုံးပွဲမရှိခဲ့ဘဲ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့သောကြောင့် ရှုံးပွဲမရှိ ဗိုလ်စွဲနိုင်ခဲ့သည့ှ်ရှမ်းယူနိုက်တက်အသင်းဟာ ပထမဆုံး ရှုံးပွဲမရှိ ချန်ပီယံဖြစ်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဆွပ်ခူးနိုင်ခဲ့သည့်အတွက်ကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ဆုကြေးငွေ ကျပ် သိန်း(၁၀၀၀) ကိုရရှိခဲ့ပါတယ်။ တောင်ကြီးကွင်းမှာ ကစားခဲ့တဲ့ ရှမ်းယူနိုက်တက် ၄-၁ ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ လာရောက်အားပေးသူ ပရိသတ်စုစုပေါင်း (၃၅၀၀၀) နီးပါး လာရောက်အားပေးခဲ့ပြီး တစ်ရာသီလုံးအားပေးမှုအများဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။


16 Sep 2019     1,794 Views




RELATED

Most Popular of Football

Most Popular of Sport