BEC-TERO TV

ဟိတ်ဟန်တွေမရှိဘဲ လမ်းဘေးစမူဆာသုပ်ကို အများနည်းတူဝယ်စားခဲ့တဲ့ အကယ်ဒမီမင်းသားကြီး လွင်မိုး

16 Sep 2019     2,381 Views


ကိုယ်တွေ အမေလက်ထက်တုန်းက တမ်းတမ်းစွဲ အားပေးခဲ့ရတဲ့ မင်းသားကြီး လွင်မိုးဟာ မြေးလေး Liam ချစ်ရတဲ့ ဖိုးဖိုးကြီးလွင်မိုးဖြစ်လို့လာပါပြီ။

အကယ်ဒမီ မင်းသားကြီး လွင်မိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းအနီးရှိ ဝိုင်ယာလက် (၃) လမ်းထိပ်က တွန်းလှည်းနဲ့ ရောင်းတဲ့ စမူဆာကို ဝယ်စားနေခဲ့ပါတယ်။

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသားကြီးဖြစ်တဲ့အပြင် စီးပွားရေး အဖြစ်လဲအောင်မြင်နေတဲ့ လွင်မိုးဟာ ဟိတ်ဟန်တွေမရှိဘဲ စမူဆာသုပ်ကို အများနည်းတူ လမ်းဘေးမှာပဲ ထိုင်စားနေခဲ့ပါတယ်။

ဝိုင်ယာလက်(၃) လမ်းထိပ်က စမူဆာသုပ်ကို အပြတ်အားပေးပြီးတဲ့အပြင် လူမှုကွန်ယက် ဖေ့ဘွတ်ခ်ကနေ ‘ဝိုင်ယာလက် (၃) လမ်းထိပ်က စမူဆာသုပ်က တကယ်ကောင်းကြောင်း သန့်လဲသန့်ကြောင်း’ ဝေမျှပေးထားပါသေးတယ်။

မင်းသားကြီး လွင်မိုးစေတနာ အပြည့်နဲ့ ကြေညာပေးတာကြောင့် အခုဆိုရင် ဝိုင်ယာလက် (၃) လမ်းထိပ်က စမူဆာတွန်းလှည်းလေးမှာ လာရောက်စားသုံးသူတွေနဲ့ ပြည့်နေမှာအမှန်ပါပဲ။

Ref:Lwin Moe

(ပိုပိုလေး)

 

 


16 Sep 2019     2,381 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS