BEC-TERO TV

ငြိမ်းချမ်းတဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုပဲရွေးချယ်မယ်လို့တရုတ်သမ္မတပြောကြား

08 Sep 2015     1,286 Views


ဂျပန်ကျူးကျော်စစ်ပြီးမြောက်မှုနဲ့ဒုတိယကမ္ဘာစစ်အဆုံးသတ်မှုနှစ် ၇၀ ပြည့်အခမ်းအ နားကိုတရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ စက်တင်ဘာ ၃ ရက်ကကျင်းပပါတယ်။ကမ္ဘတစ် ၀ှမ်းနိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ပြည်သူတရုတ်နိုင်ငံရဲ့လွတ်မြောက်ရေးတပ်မတော်ကတပ်ဖွဲ့ တွေဟာ ချန်အန်ရိပ်သာလမ်းတစ်လျှောက်စစ်ရေးပြခဲ့ပါတယ်။စစ်ရေးပြအခမ်းအနားမစ တင်ခင်မှာသမ္မတ ရှီကျင်းပင်ကမိန့်ခွန်းပြောကြားပြီးတရုတ်နိုင်ငံဟာငြိမ်းချမ်းတဲ့ ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းကိုပဲဆက်ပြီးရွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒြါ့ပင်တပ်သားပေါင်း ၃ သိန်းနီးပါကိုလည်းလျှော့ချသွားမယ်လို့သမ္မတကပြောပါတယ်။တရုတ်နိုင်ငံဟာ လက်ရှိတပ်သားပေါင်း ၂.၃သန်းအထိရှိနေတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့သမ္မတ ဟာတရုတ်တပ်သား(၁)သောင်းကျော်ပါဝင်တဲ့စစ်ရေးပြအဖွဲ့နဲ့တရုတ်နိုင်ငံရဲ့နည်းပညာ မြင့်လက်နက်တွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်မှု ၆၆ နှစ်အတွင်းတရုတ်နိုင်ငံဟာအမျိုးသားနေ့စစ်ရေးပြလှည့်လည်မှုပြုလုပ် ဟာ ၁၄ ကြိမ်မြောက်ဖြစ်ပေမယ့်စစ်ပွဲအတွင်းထိခိုက်ခံစားရသူတွေအတွက်စာနာ ကြောင်းနဲ့သူတို့အတွက်ဂုဏ်ပြုအခမ်းနားကျင်းပတာကဒီနှစ်မှာပထမဦးဆုံးလည်းဖြစ်ပါတယ်။ခြေလျင်တပ်ဖွဲ့ ၁၁ ဖွဲ့၊ စစ်ပြန်စစ်မှုထမ်းဟောင်း ၂ ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့ ၂၇ ဖွဲ့နဲ့ပုံဖော်လေကြောင်းတပ်ဖွဲ့ ၁၀ ဖွဲ့တို့ပါဝင်တဲ့စစ်ရေးပြတပ်ဖွဲ့ ၅၀ ကချီတက်စစ်ရေးပြ ခဲ့ကြပါတယ်။ကုန်းမြေနဲ့ ပင်လယ်တိုက်ပွဲ နှစ်ခုစလုံးမှာအသုံးပြုနိုင်တဲ့ 99-A တင့်ကားနဲ့ ကုန်း၊ ရေသွားနိုင်တဲ့လက်နက်ပြည့် 05 ယာဉ်တွေကိုပြသခဲ့ပါတယ်။


08 Sep 2015     1,286 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS