BEC-TERO TV

သဲကန္တာရထဲ အိမ်သာတက်ချင်လို့ ဒုက္ခရောက်ခဲ့ရတဲ့ ချမ်းမြေ့မောင်ချို

17 Sep 2019     2,749 Views


Myanmar Idol Season 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ လတ်တလော မိသားစုနဲ့အတူ နိုင်ငံခြားခရီးစဉ် အနေနဲ့ အလည်အပတ်သွားရောက်နေတာပဲဖြစ်ပါတယ်။

"ပရိတ်သတ်တွေ ချစ်စနိုးနဲ့ မောင်ချိုလို့ ခေါ်ကြတဲ့ သူမဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူတစ်ဦးပါ။"

ပွင့်လင်းပြီး ချစ်ဖို့ကောင်းတဲ့ မောင်ချို ပြီးခဲ့တဲ့ရက်က အလည်အပတ်ခရီးသွားရင်း သဲကန္တာရထဲမှာ ဒုက္ခရောက်ခဲ့ရပါတယ်။ မောင်ချို သဲကန္တာရထဲ ရောက်နေခိုက် အိမ်သာတက်ချင်တာကြောင့် ဒုက္ခရောက်ခဲ့ရပုံကို လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှာ ဝေမျှခဲ့ပါတယ်။ သဲကန္တာရတွင်း အိမ်သာရှာရခက်တာကြောင့် ပြေးလွှားရင်း ‘ဒါဟာစွန့်စားခန်း တစ်ခုပါ’ လို့ပြောထားပါတယ်။

အိမ်သာတက်ချင်ရက် အိမ်သာရှာမတွေ့တဲ့ မောင်ချို တစ်ယောက် အမှန်အကန်ခက်ခဲခဲ့မှာပါပဲ။ ဒါကို ခံစားဖူးသူတိုင်း သိမှာပါ။

ပွင့်ပွင့်လင်းလင်းနေတတ်လို့ ပရိတ်သတ်အချစ်တွေကို အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ မောင်ချိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်တုန်းက အိမ်သာတက်တာနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ စနောက်ထားပါသေးတယ်။ ယနေ့ခေတ် လူအများစု လက်ကိုင်ဖုန်းကို စွဲလမ်းနေတာနဲ့ ပတ်သတ်ပြီး မောင်ချိုက အောက်ပါအတိုင်းရေးသားထားပါတယ်>>

"ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ပြီး ချစ်စရာကောင်းတဲ့ ချမ်းမြေ့မောင်ချိုကို မချစ်ဘဲနဲ့ မနေနိုင်တော့ပါဘူး။"

 

Ref:ChanMyae MgCho

(ပိုပိုလေး)

 

 

 


17 Sep 2019     2,749 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS