စင်ပေါ်မှာ ဖျော်ဖြေရင်း အင်္ကျီကျွတ်ကျမတတ်ဖြစ်ခဲ့ဖူးတဲ့ Lee Hyo Ri
17 Sep 2019 1,989 Views

တောင်ကိုးရီးယားရဲ့ မက်ဒေါနားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် sexy ကျလွန်းတဲ့ အဆိုတော် Lee Hyo Ri ဟာ You Are My Destiny 2 အစီအစဉ်မျာပါဝင်ရင်း ငယ်စဉ်အခါက အကြောင်းအရာများကို ပြောပြလာပါတယ်။

Lee Hyo Ri ပထမဆုံး ပွဲဦးထွက် သီချင်းတစ်ပုဒ်ဖြစ်တဲ့ 10 Minutes ကို ဖျော်ဖြေခဲ့တုန်းက Wardrobe အင်္ကျီဝတ်ဆင်ပြီး ဖျော်ဖြေခဲ့ရာ ကြုံဆုံရတဲ့ အခက်အခဲတွေကို ပြောပြလာပါတယ်။

ထိုအချိန်တုန်းက သူမဝတ်ထားတဲ့ အင်္ကျီက ချောင်လွန်းတာကြောင့် stylist က စင်ပေါ်မှာ ကနေရင်း ကျွတ်ကျသွားမှာကို စိုးရိမ်နေခဲ့ပါတယ်။

“Stylist က အင်္ကျီကျွတ်ကျမှာ အရမ်းကြောက်နေတာ Performance ပြီးတော့ ငိုတောင်ငိုတယ်” ဆိုပြီး ပြောပြထားပါတယ်။
_Feel_The_Soul_-_이효리_(4).jpg)
“အဲ့တုန်းက သူမ ရင်သားက ရှိသင့်သလောက် ရှိခဲ့တာမို့ ကျွတ်မကျခဲ့တာဖြစ်တယ်” လို့ Lee Hyo Ri ကပြောပြထားပါသေးတယ်။
.jpg)
ထိုအချိန်တုန်းက သူမရဲ့ Stylist ကတော့ Maybee ဖြစ်ပါတယ်။
.jpg)
Wardrobe အင်္ကျီဝတ်ပြီး ကျွတ်ကျမတတ်ဖြစ်ခဲ့ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုစား ဖျော်ဖြေခဲ့တဲ့ Lee Hyo Ri ရဲ့ 10 Minutes ဗွီဒီယိုကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။>>
Stylist ဆင်တဲ့ အင်္ကျီက သူမကို အခက်အခဲဖြစ်စေခဲ့ပေမယ့် အခြေအနေအချိန်အခါလိုက်ပြီး အဆင်ပြေအောင် ဖျော်ဖြေပြသွားတဲ့ သူမဟာ လေးစားထိုက်တဲ့ idol စီနီယာ တစ်ယောက်ပါပေပဲ။
Ref:koreaboo
(ပိုပိုလေး)







