BEC-TERO TV

“မြမြ”ရုပ်ရှင်ကားမှာ သင်ဇာဝင့်ကျော်နဲ့တွဲမယ့် အဓိကမင်းသားအဖြစ် ဖြိုးမြတ်အောင်ရွေးချယ်ခံရ

17 Sep 2019     12,158 Views


မကြာသေးခင်အချိန်ကာလက လူမှုကွန်ယက်ပေါ်မှာ မြမြဆိုတဲ့မိန်းကလေးသတင်းက အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။ သင်္ကြန်တွင်းကာလက တောင်ဒဂုံမြို့နယ်မှာ မြမြဆိုသူမိန်းကလေးကို ယောကျာ်းသားသုံးယောက်မှ အဓ္ဓမကျင့်ပြီးသတ်ဖြတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုအကြောင်းကိုတော့ မြမြဆိုတဲ့ဝိညာဉ်မှ မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ၀င်ရောက်ပူးကပ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုသတင်းဟာ ဆိုရှယ်မီဒီယာတစ်ခွင်မှာ အုံးအုံးကြွတ်ကြွတ်ဖြစ်ခဲ့ပြီး မြမြဆိုတဲ့မိန်းကလေးကို ယုံကြည်ကြသူတွေလဲရှိသလို မယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ ဘယ်သူတွေဘယ်လိုပင် ဝေဖန်ပြောဆိုကြပါစေ မြမြဆိုတဲ့မိန်းကလေးရဲ့အဖြစ်အပျက်ကိုတော့ ဒါရိုက်တာညိုမင်းလွင်မှ ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒါရိုက်တာညိုမင်းလွင်က မြမြရုပ်ရှင်ရိုက်ကူးဖို့အတွက် လိုက်ဖက်ညီတဲ့သရုပ်ဆောင်များကိုလည်း ရွေးချယ်ပြီးဖြစ်ပါတယ်။ အဓ္ဓမကျင့်ခံခဲ့ရတဲ့ မြမြအဖြစ် သရုပ်ဆောင်သင်ဇာဝင့်ကျော်ကိုရွေးချယ်ခဲ့ပြီး၊ မုဒိန်းသမားသုံးယောက်ကိုတော့ မျက်နှာသစ်သရုပ်ဆောင်တွေထဲက ရွေးချယ်ခဲ့ပါတယ်။ မနေ့ညမှာတော့ သင်ဇာဝင့်ကျော်နဲ့တွဲသရုပ်ဆောင်မယ့် အဓိကမင်းသားကို ထပ်မံကြော်ငြာခဲ့ပါတယ်။

မြမြရုပ်ရှင်မှာ အဓိကမင်းသားအဖြစ်သရုပ်ဆောင်မယ့်သူက မြန်မာအိုင်ဒေါ Season 3 Winner ဆုရှင် ဖြိုးမြတ်အောင်ကိုဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖြိုးမြတ်အောင်အတွက် ၀မ်းသာပျော်ရွှင်နေကြသလို သင်ဇာဝင့်ကျော်လို နာမည်ကြီးမင်းသမီးနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမယ့် ဖြိုးမြတ်အောင်အတွက်လည်း အားပေးစကားတွေပြောကြားထားပါတယ်။ မြမြရုပ်ရှင်ကားမှာ မင်းသားနှစ်ယောက်ပါဝင်မှာဖြစ်ပြီး နောက်ထပ်မင်းသားအဖြစ်ကိုတော့ Dee Dee (Burmese Vlog) က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြမြရုပ်ရှင်ကားကတော့ ဇာတ်ကားမရိုက်ကူးခင် ပါဝင်မယ့်ရုပ်ရှင်ဇာတ်ကောင်ရွေးချယ်မှုမှာတင် အတော်လေးစိတ်ဝင်စားစရာကောင်းနေပြီနော်။ ဒါရိုက်တာညိုမင်းလွင်တစ်ယောက် မြမြဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဘယ်လိုမျိုးပုံဖော်ရိုက်ကူးသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်…

 

(ပိုပိုလေး)


17 Sep 2019     12,158 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment