BEC-TERO TV

ဟောင်ကောင်တွင် ပထမဆုံးအကြိမ် မီးရထားလမ်းတွဲချော်မှုဖြစ်ပွား (ရုပ်သံ)

17 Sep 2019     1,569 Views


စက်တင်ဘာ ၁၇ ရက် အင်္ဂါနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ဟောင်ကောင်တွင် ခရီးသည်များ စီးနင်းလိုက်ပါလာသော ရထားတစ်စင်း လမ်းချော်ကျခဲ့မှု ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့သည်။
 
ရထားလမ်းချော်ကျခဲ့မှုကြောင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ရထားခရီးစဉ်များ ရပ်ဆိုင်းထားခဲ့ရကြောင်း မီးရထားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။ ရထားဟာ Mong Kok East ဘူတာမှ Hung Hom သို့ ထွက်ခွာစဉ် လမ်းချော်ခဲ့သဖြင့် ရထားမောင်းနှင်သူမှ မျက်နှာချင်းဆိုင်မှ လာနေသော ရထားကို ချက်ခြင်းအကြောင်းကြားကာ ရပ်တန့်စေခဲ့တဲ့အတွက် ခရီးသည်များ ဘေးကင်းခဲ့သည်။
 
အာဏာပိုင်များ၏ အဆိုအရ ရထားလမ်းပေါ်တွင် သံသယရှိစရာ မည်သည့်အရာမှ မတွေ့ရှိရကြောင်း၊ ရထားလမ်းချော်မှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ရုပ်သံများအရ ခရီးသည်များက ပျက်ဆီးနေသော ရထားတံခါးများကြားမှ ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားလာနေကြတာကို မြင်တွေ့ရပါတယ်။
 
 
လမ်းချော်ခဲ့သော ရထားတွဲတွင် အနည်းဆုံး ခရီးသည် ၄၀ မှ ၅၀ ထိပါရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြကြောင်းနှင့် အနည်းဆုံး ကလေးငယ်တစ်ဦး ပါရှိကြောင်း သိရှိရသည်။ လက်ရှိမှာတော့ ၁၂ မိနစ်လျှင် တစ်ကြိမ်ပြေးဆွဲနေသော ရထားလမ်းကြောင်းကို ခတ္တရပ်ဆိုင်းထားရသည်။

17 Sep 2019     1,569 Views




RELATED

Most Popular of International News

Most Popular of NEWS