BEC-TERO TV

ရထားလမ်းကူးတွင် ယာဉ်ကြောပိတ်မိတဲ့ Express ကို ရထားဖြတ်တိုက်

17 Sep 2019     1,540 Views


ကားလမ်းပိတ်တဲ့ပြဿနာကို ကမ္ဘာအရပ်ရပ်မှာ ရင်ဆိုင်နေကြရပါတယ်။ ကာဇစ္စတန်နိုင်ငံမှာ ယာဉ်လမ်းကြော ပိတ်ဆို့နေမှုကြောင့် ခရီးသည်တင် ဘတ်စ်ကားကြီးတစ်စင်းဟာ ရထားလမ်းကူးပေါ်မှာ မေးတင်ကျန်ရစ်ခဲ့ပြီး ရထားက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
 
စက်တင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့က ဖြစ်စဉ်မှာ ယာဉ်လမ်းကြောတွင် တန်းစီသွားနေကြစဉ် မီးရထားလာချိန်နဲ့ ကြုံခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားမှာ ရထားလမ်းကူးပေါ်တွင် ရှေ့တိုးလို့လည်းမရ နောက်ဆုတ်လို့လည်း မရတဲ့အခြေနေနဲ့ တစ်ဝက်တစ်ပျက်တင်ကျန်နေခဲ့ပါတယ်။
 
အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့ ရထားက သြဥသံရှည်စွဲပြီး သတိပေးခဲ့ပေမယ့် အချိန်မီ မရပ်တန့်နိုင်ခဲ့တာကြောင့် ဘတ်စ်ကားကြီး တစ်စီးလုံးကို တိုက်ပြီး ချိပ်ဆွဲသွားခဲ့ပါတယ်။ ရထားတိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး ခရီးသည် ၅၇ ဦး ကတော့ နောက်ဆုံးအချိန်မှာ ဆင်းပြေးနိုင်ခဲ့လို့ သီသီလေးလွတ်မြောက်သွားခဲ့ပါတယ်။ ခရီးသည်တွေထဲက ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
 

17 Sep 2019     1,540 Views




RELATED

Most Popular of International News

Most Popular of NEWS