BEC-TERO TV

ပထမပိုင်းမှာတင် ဟက်ထရစ်သွင်းပြီး ချန်ပီယံလိဂ်သမိုင်းမှာ စံချိန်သစ်တင်လိုက်တဲ့ ဟာလန်း

18 Sep 2019     1,394 Views


မနေ့က ကစားခဲ့တဲ့  ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဆဲလ်ဘတ် အသင်းဟာ အိမ်ကွင်းတွင် ဂျန့်အသင်းကို ၆-၁ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲတွင်း ထူးထူးခြားခြား ခြေစွမ်းပြခဲ့တဲ့ ကစားသမားက အသက် (၁၉) နှစ်အရွယ် နော်ဝေးသားလေ ဟာလန်း ဖြစ်ပါတယ်။

ဟာလန်းကို မကြာသေးခင်းကမှ ပြီးဆုံးခဲ့တဲ့ -20 World Cup ပြိုင်ပွဲမှာ ဟွန်းဒူးရပ်စ် အသင်းကို တစ်ပွဲတည်း ၉ ဂိုးတိတိသွင်းနိုင်ခဲ့ပြီးနောက် ဘောလုံးပရိတ်သတ်တွေ ပါးစပ်ကြားမှာ လူသိများလာခဲ့ပြီး အခု ဥရောပ အကြီမားဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့ပါတယ်။

ဆဲလ်ဘတ်အသင်း ပထမပိုင်းမှာ ဂျန့်အသင်းကို ၆-၂ ဖြင့်ဦးဆောင်ထားနိုင်ခဲ့ပြီး နော်ဝေးသားလေး ဟာလန်က ပထမပိုင်းမှာတင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲဟာ ဟာလန်းအတွက် ချန်ပီယံလိဂ် ပထမဆုံး ပွဲဦးထွက်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အဆိုပါ ဟတ်ထရစ် သွင်းဂိုးကြောင့် ဟာလန်း ဟာ ချန်ပီယံလိဂ် သမိုင်း တစ်လျှောက် အသက်ငယ်ဆုံး ဟတ်ထရစ် သွင်းသူများ စာရင်း မှာ နံပါတ် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ချန်ပီယံလိဂ်သမိုင်း အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်းများ

(1) ရာအူးလ်(၁၈ နှစ် နဲ့ ၁၁၃ ရက်)
(2) ဝိန်းရွန်းနီ(၁၈ နှစ် နဲ့ ၃၄၀ ရက်)
(3)ဟာလန်း (၁၉ နှစ် နဲ့ ၅၈ ရက်)

ရက်ဘူး ဆဲလ်ဘတ် ၆-၁ ဂျန့် (ဟိုက်လိုက်)


18 Sep 2019     1,394 Views




RELATED

Most Popular of Football

Most Popular of Sport