BEC-TERO TV

ပင်နတီ လွှဲချော်ခဲ့တဲ့ ဘာကလေကို ဝေဖန်လိုက်တဲ့ ချဲလ်ဆီးကစားသမားဟောင်း

18 Sep 2019     1,326 Views


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် အုပ်စု (F)အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ စပိန်ကလပ် ဗလင်စီယာအသင်းကို ၀-၁ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်းဟာ ကစားကွက်အသာ ၊ ကန်သွင်းချက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဗလင်စီယာအသင်း တိုက်စစ်မှူး ရိုဒရီဂိုရဲ့ ပွဲချိန် ၇၄ မိနစ်မှာ သွင်းယူခဲ့သော တစ်လုံးတည်းသောဂိုးဖြင့် ဗလင်စီယာအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်းဟာ ပွဲချိန် ၈၇ မိနစ်တွင် သရေတစ်မှတ်ရရှိမည့် ပင်နတီ အခွင့်ရေးရရှိခဲ့ပေမယ့် ကွင်းလယ်လူ ဘာကလေရဲ့ ကန်သွင်းချက်ဟာ ဂိုးဘားတန်းကို မှန်ပြီး ပြန်ထွက်ခဲ့တာကြောင့် သရေတစ်မှတ် နစ်နာခဲ့ရ  ပါတယ်။ ရော့်စ် ဘာကလေ မကန်သွင်းမီအသင်းချိန်တွင် ချဲလ်ဆီးအသင်းကစားသမား တချို့ အငြင်းပွားဖွယ် ဖြစ်ပေါ်ခဲ့ပါတယ်။

 

အဆိုပါ ပင်နတီကို ကန်သွင်းဖို့အတွက် ဝီလျံနဲ့ ဘာကလေတို့ကြားမှာ အလုအယက်ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘာကလေက ကန်သွင်းခဲ့ပြီး ပင်နတီကို လွှဲချော်ခဲ့ရတာဖြစ်ပါတယ်။ အခုလို ပင်နတီလွှဲချော်မှုအပေါ် ချဲလ်ဆီးနည်းပြ လမ်းပတ်က “ရော့်စ် ဘာကလေဟာ ပင်နတီကို သူပါဝင်တဲ့ပွဲတွေမှာဆိုရင် ပထမဦးစားပေး ကန်သွင်းရမယ့်သူဖြစ်ပါတယ်။

ဒါပေမယ့် သူ ပင်နတီလွှဲချော်ခဲ့ပါတယ်။ သူကန်ချက်သာ ဂိုးဝင်သွားရင် ဘာမှပြသာာနာရှိမှာ မဟုတ်ပါဘူး ။ ဒီပွဲမှာ ကျွန်တော် တို့အသင်း အနိုင်ရမယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အကောင်းဆုံးအသုံးမချနိုင်တဲ့အတွက် စိတ်ပျက်ရပါတယ်။ ” လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကို ကြည့်ရှုနေတဲ့ BT Sports အစီအစဉ်သုံးသပ်သူဖြစ်တဲ့ ချဲလ်ဆီးကစားသမားဟောင်း အိုင်ဒါ ဂတ်ဂျွန်ဆင်ကတော့ ပင်နတီကန်သွင်းတဲ့ ဘာကလေကို ဝေဖန်ခဲ့ပြီး အသင်းခေါင်းဆောင် အက်ပလီကျူတာ ကိုလည်း ဝေခန်ခဲ့ပါတယ်။

“ဒီနေ့ပွဲမှာ ဘာကလေရဲ့ လုပ်ရပ်ဟာ လေးစားမှုမရှိတဲ့ ပုံစံဖြစ်နေပါတယ်။ ပြောမယ်ဗျာ…။

ခင်ဗျာသာ မန်နေဂျာတစ်ယောက်ဆိုရင် ဒိအနေအထားကို ဘာလုပ်မှာလဲ။ ပင်နတီကန်မယ့်နေရာမှာ ကစားသမား တစ်ယောက် ၊ နှစ်ယောက် ၊ လေးယောက် လောက်ရပ်နေမယ်ဆိုရင် ဘယ်သူကန်ရမယ်ဆိုတာ ပြသာတစ်ခုဖြစ်နေမယ် ။ ဒါကိုကိုယ့် အသင်းခေါင်းဆောင်က ဘာမှမလုပ်ပေးစေချင်ဘူးလား..။ “နားထောင် ပွဲမစခင်ကတည်းက ပင်နတီကို ဘယ်သူကန်ရမယ်ဆိုတာ ဆုံးဖြတ်ပြီးသားလေ ” လို့ ကြားထဲဝင်ပြီး ဖြေရှင်းပေးသင့်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။


18 Sep 2019     1,326 Views




RELATED

Most Popular of Football

Most Popular of Sport