BEC-TERO TV

အမြန်လမ်းမပေါ်မှာ မောင်းနှင်နေသော တိုရိုတာ RAV 4 တစ်စီး မိုးကြိုးပစ်ခံရ

18 Sep 2019     1,916 Views


စက်တင်ဘာလ ၁၅ ရက်နေ့က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားရှိ ဟိုင်းဝေး အမြန်လမ်းမပေါ်မှာ မောင်းနှင်နေတဲ့ တိုရိုတာ RAV 4 ကားတစ်စီးကို မိုးကြိုးပစ်ချလိုက်တဲ့ ရုပ်သံက အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။
 
ဖြစ်စဉ်အစဆုံးကိုတော့ အဲဒီကားရဲ့နောက်မှာ ပါလာတဲ့ ကားပေါ်က ကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့တာပါ။ မိုးကြိုးထိမှန်ခဲ့တဲ့ RAV 4 ကို အမျိုးသမီးတစ်ဦး မောင်းနှင်ခဲ့တာဖြစ်ပြီး မိုးကြိုးပစ်ခံရပြီးနောက် ကားကိုရပ်ကာ အခြားကားတွေကို အကူညီတောင်းခဲ့ပါတယ်။ ကားက မိုးကြိုးထိမှန်ခဲ့တဲ့အတွက် လျှပ်စစ်ပိုင်ဆိုင်ရာတွေ ပျက်ဆီးပြီး  ဆက်မောင်းလို့ မရတော့ပါဘူး။
 
မိုးကြိုးကြောင့် ကားရဲ့ အန်တန်နာ ကျိုးပြီး အနောက်ဘက်က လေကာမှန်လည်း အက်သွားခဲ့ပါတယ်။ ကားဟာ မိုးကြိုး နှစ်ကြိမ်ထိမှန်ခဲ့ပြီး လူကတော့ ဘေးအန္တရာယ်ကင်းခဲ့ပါတယ်။
 

18 Sep 2019     1,916 Views




RELATED

Most Popular of International News

Most Popular of NEWS