BEC-TERO TV

နှစ်ပေါင်း (၃၀) ကျော်ကြာမှ ကွင်းဆက်လူသတ်သမားကိုဖမ်းမိတဲ့ ကိုးရီးယားရဲများရဲ့ ဖြစ်ရပ်

20 Sep 2019     1,920 Views


၁၉၈၆ နဲ့ ၁၉၉၁ ကြား၊ တောင်ကိုးရီးယားနိုင်ငံ Hwaseong မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကွင်းဆက်လူသတ်သမား အမှုကို တောင်ကိုးရီးယားရဲများမှ ဖော်ထုတ်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။

တရားခံဟာ အသက် ၁၄ နှစ်ကနေ ၇၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့် စော်ကား သတ်ဖြတ်ပြီး နောက်ဖေးလမ်းကြားနဲ့ လယ်ကွင်းပြင်တွေမှာ ခန္ဓာကိုယ် အလောင်းကို စွန့်ပစ်ထားခဲ့ပါတယ်။

DNA စစ်ဆေးချက်အရ တရားခံတစ်ဦးတည်းက ဒီအမှုကို ကျူးလွန်ထားတယ်ဆိုတာ သိပေမယ့် ရဲများက ဘယ်သူဘယ်ဝါဆိုတာ မဖော်နိုင်ဘဲရှိနေခဲ့ပါတယ်။ ထိုခေတ်အခါက ဆေးပညာဆိုင်ရာ စစ်ဆေးချက်တွေနဲ့ မျက်မြင်သက်သေတွေ ထုတ်ဖော်ပြောကြားချက်အရ တရားခံဟာ သွေးအမျိုးအစား O ၊ အရပ်အမြင့် ၁၇၀ စင်တီမီတာရှည်ပြီး ညာဘက်ပါးပေါ်မှာ အမာရွတ်တစ်ခုရှိတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ စက်တင်ဘာ ၁၉ မှာ စီနီယာရဲမှူး Bun Ki Soo က Hwaseong ကွင်းဆက်လူသတ်သမား တရားခံကို ရှာတွေ့ပြီဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာလာပါတယ်။

တရားခံဟာ လက်ရှိမှာ ခယ်မဖြစ်သူကို စော်ကားဖျက်ဆီးမှုနဲ့ ထောင်ကျနေတာပဲဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဇနီးသည် နေအိမ်ကနေ ထွက်ပြေးပြီးနောက် ခယ်မဖြစ်သူကို ဆေးခတ်ပြီး အဓမ္မပြုကျင့်ကာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

DNA စစ်ဆေးချက်အရ ကွင်းဆက်လူသတ်သမားကို ထောင်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ ဆယ်စုနှစ်သုံးခုလုံး မနားမနေ စုံစမ်းခဲ့ရတဲ့ အမှုရှည်ကြီးဖြစ်တယ်လို့ တောင်ကိုးရီးယားရဲများက မီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး ၂၀၀၃ ခုနှစ်မှာ ဒါရိုက်တာ Bong Joon-ho က “Memories of Murder” နာမည်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပါသေးတယ်။ စာရေးသူအနေနဲ့ တရားဥပဒေ စိုးမိုးတဲ့ တောင်ကိုးရီးယားနိုင်ငံကို အားကျနေမိတာတော့ အမှန်ပါပဲ။

Ref:koreaboo

(ပုိပုိေလး)


20 Sep 2019     1,920 Views




RELATED

Most Popular of International News

Most Popular of NEWS