BEC-TERO TV

မွေးမြူရေးအစာခြောက်စက်ရုံများစနစ်အဆင့်အတန်းမြှင့်ရေးထက်ပိတ်နေသည့်စက်ရုံ များပြန်ဖွင့်နိုင်အောင်အရင်လုပ်ဖို့လို

09 Sep 2015     1,280 Views


ပြည်တွင်းကမွေးမြူရေးအစာခြောက်စက်ရုံတွေကိုနိုင်ငံနိုင်ငံတကာစနစ်နဲ့အဆင့်တန်းမြှင့်နိုင်မယ်သင်တန်းတွေလေ့လာမှုထက်ရပ်နေတဲ့စက်ရုံတွေလည်ပတ်နိုင်ဖို့ပိုပြီးဦးစားပေးဆောင်ရွက်ဖို့လိုတယ်လို့မြန်မာနိုင်ငံငါးပုစွန်အစာထုတ်လုပ်ရောင်းဝယ်သူများအသင်းကပြောပါတယ်။လုပ်ငန်းရှင်တွေကတော့ စက်ရုံတွေကိုနိုင်ငံတကာစနစ်နဲ့အဆင့်တန်း ဆိုင်ရာအသိအမှတ်ပြုမှုတွေရဖို့ထက်လတ်တလောမှာရပ်နေတဲ့လုပ်ငန်းတွေလည်ပတ်ရေးကိုဦးစားပေးဖို့ကိုတောင်းဆိုလိုက်တာပါ။လက်ရှိမှာတော့ပြည်တွင်းအစာခြောက် စက်ရုံတွေရဲ့ရောင်းအားကျဆင်းပြီးအစားခြောက်ထုတ်တဲ့စက်ရုံ ၂၇ ရုံရှိတဲ့အနက် ၇ ရုံ ဟာလုံးဝရပ်ဆိုင်းနေပါတယ်။ဒါကြောင့်မို့လို့အခုချိန်ဟာအစာခြောက်စက်ရုံတွေရပ်တန့်နေရတဲ့အကြောင်းရင်းကိုရှာဖွေပြီးပြန်လည် လည်ပတ်နိုင်ဖို့အတွက်အဖြေကပဲပိုအရေး ကြီးတယ်လို့သိရပါတယ်။


09 Sep 2015     1,280 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS