BEC-TERO TV

ဝက်စ်ဟမ်းကိုရှုံးပြီး မတည်မငြိမ်ဖြစ်လာတဲ့ မန်ယူနည်းပြဆိုးလ်ရှား အနာဂါတ်

23 Sep 2019     1,364 Views


ပြီးခဲ့သည့် တနင်္ဂနွေနေ့က အစောပိုင်းက မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်း ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနည်းပြ ဆိုးလ်ရှားရဲ ့အနာဂါတ်မတည်မငြိမ်ဖြစ်လာပြီး မန်ယူူအသင်းက သူ ့နေရာကို ပီအက်စ်ဂျီနည်းပြ တူဟယ်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ပွဲစဉ်(၁) အစမှာ ချဲလ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်ပိုင်း ရလဒ်ပိုင်းဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားကို ဒီနှစ် ၂၀၁၉  မှ (၃) နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ နိင်ပွဲ (၂) ပွဲသာရရှိထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ မန်ယူနည်းပြရားထူးကနေ ထုတ်ပယ်ခံရတော့မယ် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ပြီးနောက် နည်းပြဆိုးလ်ရှားက “ဒီနေ့ပွဲမှာ ကျွန်တော့တို့အသင်း အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ ရမှတ်လုံးဝမရရှိတာတော့ လက်ခံရပါမယ်။ ဒါပေမယ့် ဒါတွေကို မေ့ထားပြီး နောက်လာမယ့် ပွဲစဉ်တွေအတွက် အပြုသဘောဆောင်တာတွေနဲ့ ရှေ ့ဆက်သွားဖို့ လိုပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းက တူဟယ်ကို ဆိုးလ်ရှားနေရာကို ခန့်အပ်ဖို့ ကြိုတင်ဆက်သွယ် အကြောင်းကြားမှုများ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ ပြင်သစ်သတင်းတွေဖော်ပြနေပါတယ်။ တူဟယ်ကို ခေါ်ယူဖို့ မန်ယူအပြင် ဘာစီလိုနာအသင်းကလည်း ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။


23 Sep 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport