BEC-TERO TV

ရေငုပ်ပြီး လက်ထပ်ခွင့်တောင်းရာမှ ရေနစ်သေဆုံး

23 Sep 2019     1,725 Views


ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့် ချစ်သူစုံတွဲနှစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးနေ့ရက်တွေကနေ ကြေကွဲစရာအကောင်းဆုံးနေ့ရက်တွေအတွက် အချိန်တစ်ခဏလေးအတွင်းမှာ ပြောင်းပြန်လန်သွားခဲ့ရပါတယ်။
 
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်မှ Steven Weber Jr. နဲ့ Kenesha Antonie တို့ စုံတွဲဟာ အာဖရိကအရှေ့ပိုင်း ‘တန်ဇန်နီးယား’ မြို့ကို အပန်းဖြေခရီးထွက်ခဲ့ကြရင်း Weber က Antonie ကို အံ့အားသင့်သွားအောင် ရေအောက်ကနေ လက်ထပ်ခွင့်ပန်ခဲ့ရာ မမျှော်လင့်ပဲ ပင်လယ်ထဲမှာ ရေနစ်သေဆုံးခဲ့ရမှုတစ်ခု ပြီးခဲ့တဲ့သောကြာ စက်တင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
 
 
သူတို့စုံတွဲဟာ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ အပန်းဖြေဘန်ဂလိုတစ်ခုမှာ အနားယူခဲ့ကြတာဖြစ်ပါတယ်။ ဘန်ဂလိုရဲ့ အပေါ်ပိုင်းက ရေပေါ်မှာရှိနေပြီး အိပ်ခန်းရှိရာ အောက်ဖက်ပိုင်းကတော့ ပင်လယ်ရေပြင်အောက်ထဲမှာ မှန်ပြတင်းပေါက်တွေနဲ့ ရေအောက်အလှအပကို ခံစားကြည့်ရှုနိုင်ရန် ဆောက်ထားတာဖြစ်ပါတယ်။
 
 
အဆိုပါနေ့နံနက်ပိုင်းက Weber ဟာ ရေငုပ်ကရိယာအပြည့်အစုံဝတ်ဆင်ပြီး ဘန်ဂလိုရဲ့အပြင်ဘက်ကနေ ပင်လယ်အောက်ထဲ ရေငုပ်ခဲ့ပါတယ်။ အဲဒီနောက် ပြတင်းပေါက်ကနေ Antonie ကို လှမ်းခေါ်ပြီး သူအသင့်ရေးထားပြီး ပလပ်စတစ်အိတ်ထဲထည့်ထားတဲ့ လက်ထပ်ခွင့်တောင်းတဲ့စာကို အပြင်ဘက်ကနေ ဖြန့်ပြခဲ့ပါတယ်။ ဒါကို Antonie က ရုပ်သံရိုက်ထားခဲ့ပါတယ်။
 
 
အဲဒီနောက် Weber က လက်ထပ်လက်စွပ်ကို ပေးဖို့ ရေပေါ်ကို ပြန်တက်သွားခဲ့ပါတယ်။ ဒါပေမယ့် Antonie ဆီကိုရောက်မလာတော့ပဲ လမ်းတစ်ဝက်မှာတင် ရေနစ်သေဆုံးသွားခဲ့ပါတယ်။ ကြေကွဲစရာအဖြစ်ဆိုးကို Antonie က သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ဗီဒီယိုဖိုင်တွေနဲ့တစ်ကွ သူတို့နှစ်ယောက်ရဲ့ အပျော်ရွှင်းဆုံး နောက်ဆုံးနေ့ရက်တွေကို တင်ထားခဲ့ပါတယ်။
 
 
သူမပို့စ်ရဲ့အောက်မှာတော့ ဝမ်းနည်းကြောင်း ဝင်ရောက်ရေးသားထားသူတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရမှာပါ။
 

23 Sep 2019     1,725 Views




RELATED

Most Popular of Special or Others

Most Popular of NEWS