BEC-TERO TV

မန်ယူအသင်းကို မနှစ်ကထက် တိုးတက်လာတာ ဘာမှမရှိဘူးလို့ဝေဖန်လိုက်တဲ့ မော်ရင်ဟို

23 Sep 2019     1,340 Views


မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ်ခဲ့သည့်အပြင် ကစားကွက်မှာ အားရစရာ မရှိတာကြောင့် အသင်းဖန်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။
 
မန်ယူအသင်းဟာ ဝက်စ်ဟမ်း အိမ်ကွင်းမှာ ယာမိုလန် ၊ ခရက်စ်ဝဲလ် တို့ရဲ ့သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ အမှတ်ဗလာဖြင့် ပြန်လာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြဟောင်း မော်ရင်ဟောင်းက ဆိုးလ်ရှားရဲ ့မန်ယူအသင်းဟာ တိုးတက်လာတာ ဘာတစ်ခုမှ မရှိဘူးလို့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

မန်ယူအသင်းခြေစွမ်းနဲ့ ပါတ်သတ်ပြီး မော်ရင်ဟိုက “ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့်(၆) နဲ့စိတ်ပျက်စရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မက်ဂွဲယား ၊ ဘစ်ဆာကာ ၊ ဒန်နီရယ်ဂျိမ်းတို့ကို ခေါ်ယူထားပေမယ့် ဘာတစ်ခုမှတိုးတက်မလာဘူးလို့ ဆိုပါတယ်။ ”

“မနှစ်က ကျွန်တော် မန်ယူအသင်းကို ကိုင်တွယ်တုန်းက အခြေအနေဆိုးတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒီရာသီမှာလည်း တိုးတတ်လာတာ မတွေ ့ရပါဘူး။  ဒီရာသီမှာကစားသမား (၃) ဦးခေါ်ယူထားပါတယ်။ အဲ့ (၃) ယောက်လုံးကို ကျွန်တော် သဘောကျပါတယ်။ လူတွေခေါ်ယူထားပေမယ့် ဆိုးလ်ရှားက မန်ယူအသင်းကို တိုးတက်လာအောင် လုပ်မပေးနိုင်သေးပါဘူး ” လို့ Sky Sports နဲ့တွေ ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။
 
မန်ယူအသင်းဟာ ဒီရာသီမှာ (၆) ပွဲကစားထားပြီး ၂ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။

23 Sep 2019     1,340 Views




RELATED

Most Popular of Football

Most Popular of Sport