BEC-TERO TV

FIFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မက်ဆီ (၆) ကြိမ်မြောက်ဆွတ်ခူး

24 Sep 2019     1,381 Views


ဖီဖာမှ ကြီးမှူးကျင်းပတဲ့၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲအခမ်းအနားကို တနင်္လာနေ့က အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အား ကျော်ဖြတ်ဆွတ်ခူးရရှိခဲ့ပါတယ်။

အဆိုပါ ဆုပေးပွဲတွင် ဆုရရှိပြီးနောက် မက်စီက “ ဒီဆုကို ရရှိလို အရမ်းကိုပျော်မိပေမယ့် သူအတွက် အရေးကြီးဆုံးကတော့ အသင်းလိုက်အောင်မြင်မှုပါ။ ဒီဆုကို ပေးအပ်ဖို့အသိအမှတ်ပြုသူတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီဆုဟာ ကျွန်တော်အသင်းဖော်၊ မိသားစု တိုု့ကို ကိုယ်စားပြုပါတယ်။ ” လိုပြောကြားခဲ့ပါတယ်။

အသက် (၃၂) ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်စီဟာ ယင်းဆုကို ၂၀၀၉ ၊၂၀၁၀၊ ၂၀၁၁ ၊ ၂၀၁၆ ၊ ၂၀၁၅ ခုနှစ်တွေမှာ ဆွတ်ခူးခဲ့ပြီး ယခုနဲဆို မက်ဆီအတွက် (၆) ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ မက်စီဟာ ပြီးခဲ့တဲ့နှစ်က လာလီဂါဆုဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ဆီးမီးဖိုင်နယ်အဆင့်ထိရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

မက်ဆီ ဟာ သူ့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်တွေ ဖြစ်တဲ့ဗန်ဒိုက် နဲ့ စီရော်နယိဒို တို့ကို ဖြတ်ကျော်ပြီး FIFA ရဲ့ အကောင်းဆုံး ကစားသမား ထိုက်တန်စွာ ရရှိခဲ့တာဖြစ်ပါတယ်။ ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားစာရင်းတွင်လည်း  လာလီဂါလိဂ်မှ ကစားသမားအများစုပါဝင်ခဲ့ပြီး ရှေ ့တန်းတွင် မက်စီ ၊ ဘက်ပီ ၊  ရော်နယ်ဒို ၊ ကွင်းလယ်တွင် ဒီဂျောင် ၊ မိုဒရစ် ၊ ဟာဇက် ၊ နောက်တန်းတွင် ဒီလစ် ၊ ဗန်ဒိုက် ၊ ရာမို့စ် ၊ မာဆယ်လို တို့ပါဝင်လာခဲ့ပါတယ်။

အဆိုပါ ဖီဖာ (၁၁) ယောက်လူစာရင်းဟာ ထိုက်တန်မှုရှိ ၊ မရှိ ပရိတ်သတ်တွေကြားမှာ ပြောစရာတွေဖြစ်ခဲ့ပြီး သင့်အမြင်နဲ့ရော ကိုက်ညီမှုရှိရဲ့လား..?


24 Sep 2019     1,381 Views




RELATED

Most Popular of Football

Most Popular of Sport