ထိုင်းရိုးရာအစားအသောက်ပြပွဲရန်ကုန်ရှိ Market Place ပြုလုပ်နေ
09 Sep 2015 1,637 Views

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ထိုင်းရိုးရာအစားအသောက်ပြပွဲ(Taste Of Thai Food Fastival) ကိုဒီနှစ်မှာတော့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Market Place မှာကျင်းပပြု လုပ်နေပါတယ်။ဒီပွဲကိုတော့ City Mart Super Market ကဦးဆောင်ကျင်းပတာဖြစ်ပါ ပြီးထိုင်းရိုးရာအစားအစာများကိုချက်ပြုတ်ပြသ သလိုထိုင်းနိုင်ငံထွက်အသီးနှံတွေနဲ့အ စားအစာတွေကိုလည်းရောင်းချနေပြီး စက်တင်ဘာ ၅ ရက်ကနေ ၁၆ ရက်အထိ ၁၂ ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်။ပြပွဲမှာတော့ထိုင်းနိုင်ငံကနာမည်ကြီးနို့ထွက်ပစ္စည်းတွေ၊ အသင့်အစားအစာနဲ့ဟင်းချက်အနှစ်တွေ၊ မုန့်မျိုးစုံနဲ့နာမည်ကျော်ထိုင်းနိုင်ငံ ထွက်အသီးနှံတွေအသင့်စား အသီးခြောက်တွေလည်းရောင်းချနေတာဖြစ်ပါတယ်။







