FIFA The Best ဆုပေးပွဲကို စီရော်နယ်ဒို မတက်ဖြစ်ခဲ့တဲ့ အကြောင်းရင်း
24 Sep 2019 1,902 Views

ဖီဖာမှ ကြီးမှူးကျင်းပတဲ့၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲအခမ်းအနားကို တနင်္လာနေ့က အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ကို ကျော်ဖြတ် ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါ The Best ဆုပေးပွဲအခမ်းအနားကို ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူုး။
.jpg)
အဆိုပါ ဆုပေးပွဲတွင် ရော်နယ်ဒိုုဟာ အကောင်းဆုံး (၁၁) ယောက်စာရင်းတွင်းသာမက တစ်နှစ်တာ FIFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်းမရှိတဲ့ အကြောင်းရင်းက စီရော်နယ်ဒိုဟာ အဆိုပါဆုပေးပွဲမတိုင်ခင် ဂျူဗင်တပ်စ်အသင်းဟာ ဗီရိုနာအသင်းကို ၂-၁ ဖြင်အနိုင်ရတဲ့ ပွဲစဉ်မှာ ပွဲပန်းဒဏ်ကြောင့် ကြွက်သားဒဏ်ရာအသေးစား ရရှိခဲ့တာဖြစ်ပါတယ်။
.jpg)






