BEC-TERO TV

နေမာဟာ ၁ နှစ် ၂ နှစ်အတွင်း ဘလွန်းဒီအောဆုကို ရပါလိမ့်မယ်

24 Sep 2019     1,783 Views


ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ၁ နှစ် ၂ နှစ်အတွင်း ဘလွန်းဒီအော ဆုကို ရပါလိမ့်မယ်လို့ အသင်းဖော်ကွင်းလယ်လူ ဟာရဲယားက ပြောကြားခဲ့ပါတယ်။ နေမာဟာ ကမ္ဘာ ့အကောင်းဆုံးကစားသမားတွေထဲ့မှ တစ်ဦးဖြစ်ပြီး နောင်တစ်ချိန်မှာ မက်စီ ၊ စိရော်နယ်ဒို ရဲ့ ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ယုံကြည့်ခဲ့ကြတာဖြစ်ပါတယ်။
 
ဘာစီလိုနာမှာ ရှိစဉ်က ခြစွမ်းပြကစားထားနိုင်ခဲ့ပြီး FIFA အကောင်းဆုံး (၃) ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကို ရောက်ရှိချိန်မှာ ဒဏ်ရာပြသာနဲ့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြိး အသင်းနဲ့လည်း ပြသာနာ တချို့ တက်ခဲ့ပါတယ်။

 ဒီနှစ် ၂၀၁၉ တနှစ်တာ အကောင်းဆုံး (၁၁) စာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိဘဲ အသင်းဖော် ဘက်ပီကသာ ပါဝင်လာခဲ့ပါတယ်။ အသင်းဖော်ကွင်းလယ်လူ ဟာရဲ ့ယားက ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ဘလွန်းဒီအော ဆုကိုရရှိလိမ့်မယ်လို့ ဟောကိန်း ထုတ်ပြောကြာခဲ့တာ ဖြစ်ပါတယ်။
 
ဟာရဲယားက “နေမာဟာ အသင်းမှာ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွင်ရွင်ရှိနေပါတယ်။ သူရဲ ့အပြောင်းအရွေ  ့နဲ့ပါတ်သတ်ပြီးတော့ ဘာမှတော့မပြောချင်ပါဘူး။ အခုချိန်မှာတော့ ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။ နေမာဟာ ကစားသမားကောင်းတစ်ယောက်ပါ။  

သူ နောက်တစ်နှစ် ၊ ၂ နှစ်အတွင်းမှာ ဘလွန်းဒီအောဆု ကိုရယူနိုင်ပါလိမ့်မယ်။ ဒီရာသီမှာ ကျွန်တော်တို့နဲ့ အကောင်းဆုံး ကစားနိုင်ပါလိမ့်မယ် ” လို့ပြောကြားခဲ့ပါတယ်။
 
နေမာဟာ ပြီးခဲ့တဲ့ အပါတ်က လိုင်ယွန်အသင်းကို ၁-၀ ဖြင့်အနိုင်ရတဲ့ ပွဲမှာ အရေးပါတဲ့ သွင်းဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

24 Sep 2019     1,783 Views




RELATED

Most Popular of Football

Most Popular of Sport