BEC-TERO TV

နည်းပြရာထူးကနေ ထုတ်ခံရမည့်စာရင်းတွင် ဆိုးလ်ရှား ဒုတိယနေရာမှ ရေပန်းစားလာ

24 Sep 2019     1,335 Views


မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ဒီရာသီရာလဒ်ဆိုးများကြောင့် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြစာရင်းတွင် အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားပြီးနောက် ဒုတိယရေပန်းအစားဆုံးစာရင်းတွင် ပါဝင်နေပါတယ်။
 
မန်ယအသင်းဟာ နည်းပြဆိုးလ်ရှားကို ခန့်အပ်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ အဝေးကွင်းကိုးပွဲယှဉ်ပြိုင်ကစားရာ နိုင်ပွဲလုံးဝမရှိဘဲ သုံးပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ထားရပြီး ခြေစွမ်းမှာလည်း အားရစရာမရှိတာကြောင့် မန်ယူပရိတ်သတ်တွေ အားမလိုအားမရဖြစ်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ အပါတ်ကလည်း ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပရိတ်သတ်တွေနဲ့ ကစားသမားဟောင်တွေ ဒေါသထွက်ခဲ့ရပါတယ်။ ဒါကြောင့် ဆိုးလ်ရှားဟာ ရာသီကုန်အထိ ဆက်ရှိဖို့ မသေချာဘူးလို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ခန့်မှန်းခဲ့ကြပါတယ်။
 
ထို့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှုစာရင်းတွင်လည်း အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗား (၅/၄) ပြီး လျှင် ဆိုးလ်ရှားက ၆/၁ လေးဖြင့် ဒုတိယနေရာရပ်တည်နေတာ ဖြစ်ပါတယ်။
 
အင်္ဂလန်အသင်းနှင့် စပါးနည်းပြဟောင်း ဟယ်ရီ ရေးနက်က  “ မန်ယူအသင်းရဲ ့ကစားပုံဟာ မြင်ဖူးသမျှထဲ့မှာ အဆိုးဆုံးဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ဆာ အဲ့လက်စ် ဖာဂူဆန်လက်ထက်က မန်ယူဟာ အလွန်အထင်းကြီးစရာပါ။ ဆိုးလ်ရှားကတော့ အဆိုးဆုံးဖြစ်အောင် ဖန်တီးနေသလိုပါပဲ ..။ ဆိုးလ်ရှားလက်ထက်က မန်ယူကတော့ အထင်ကြီးစရာကို မရှိပါဘူးလို့ ” ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါအပြင် နည်းပြဟောင်း မော်ရင်ဟိုကလည်း “မန်ယူအသင်း ဒီနှစ်မှာ ခေါ်ယူလိုက်တဲ့ ကစားသမား (၃) ဦးစလုံးကို သဘောကျပါတယ်။ ဒါပေမယ့် အသင်းလိုက် ကစားပုံကတော့ စုတ်ချာနေတာပါပဲ..။  အရှုံးရလဒ်တွေအတွက် မအံ့သြမိသလို ဆိုးလ်ရှားလည်း ဒီထက်ကောင်းအောင် လုပ်နိုင်မယ် မထင်ပါဘူး ” လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။
 
မန်ယူအသင်းဟာ ဒီရာသီမှာ ကစားသမား (၃) ဦးခေါ်ယူထားပြီး ဗဟိုနောက်ခံလူ မက်ဂွဲယားကို  ကမ္ဘာ ့စံချိန်တင် ပြောင်းရွေ ့ကြေးဖြင့် ခေါ်ယူခဲ့ပါတယ်။
 
ရာထူးမှထုတ်ပယ်ခံရရန် ရေပန်းစားမှု
 
အမည်        အသင်း    ရေပန်းစားမှု
 
မာကိုဆေးလ်ဗား    အဲဗာတန်    ၅/၄
 
ဆိုးလ်ရှား        မန်ယူ    ၆/၁
 
ပိုချက်တီနို        စပါး    ၁၀/၁
 
ဖလောရက်စ်    ဝက်ဖို့ဒ်    ၁၂/၁
 
နူနိုဆန်တို        ဝုလ်ဗ်    ၁၂/၁

 


24 Sep 2019     1,335 Views




RELATED

Most Popular of Football

Most Popular of Sport