ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးပိုင်ဆိုင်သွားပြီဖြစ်တဲ့ Jung Hae In
25 Sep 2019 1,758 Views

လတ်တလော တောင်ကိုးရီးယား သတင်းမီဒီယာ ပို့ချမှုအရ သရုပ်ဆောင် Jung Hae In ဟာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လူကုံထံအများအပြားနေထိုင်ရာ ဂန်းနမ်မှာ အိမ်ကြီးတစ်လုံး ဝယ်ထားကြောင်း သိရှိရပါတယ်။

Jung Hae In ဝယ်ထားတဲ့ အိမ်မှာ ကိုးရီးယားဝမ် ၄.၄ ဘီလီယမ် ရှိပြီး အမေရိကန် ဒေါ်လာအားဖြင့် 3.7 သန်းတိတိရှိပါတယ်။

Jung Hae In ဝယ်ယူမယ့် အဆိုပါ အဆောက်အဦးကို လက်ရှိမှာ အိမ်အငှားအဖြစ် ငှားထားတာဖြစ်ပြီး ရောင်းချဖို့ ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Jung Hae In အေဂျင်စီ FNC Entertainment က “ဒါဟာ ကျွန်တော်တို့ သရုပ်ဆောင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် ထုတ်ဖော်ပြောကြားခွင့်မရှိပါဘူး” ဆိုပြီး ပြောကြားထားပါတယ်။

Ref:allkpop
(ပိုပိုေလး)







