BEC-TERO TV

အင်တာမီလန် အသင်း နဲ့ အတူ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ ကွန်တီ

26 Sep 2019     1,381 Views


မနေ့ညက အင်တာမီလန်အသင်းဟာ လာဇီယိုအသင်းကို အနိုင်ယူခဲ့ပြီးနောက် ကွန်တီဟာ စီးရီးအေ သမိုင်းတစ်လျှောက် အဖွင့်ပွဲ (၅) ပွဲဆက် အနိုင်ယူနိုင်တဲ့ ပထမဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ကွန်တီဟာ အင်တာမီလန်အသင်းကို ယခုရာသီမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၁၀၀ % နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကွန်တီ က " လာဇီယိုနဲ့ ကစားတဲ့ပွဲဟာ တစ်ကယ်ကို ခက်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး တောင့်တင်းတဲ့အသင်း တစ်သင်းနဲ့ယှဉ်ပြိုင်ခဲ့ရတာပါ။ လာဇီယိုဟာ နောက်ပိုင်းကာလတွေမှာ အင်းအားကြီး တစ်သင်းဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အရေးပါတဲ့ ပွဲတစ်ပွဲပါ " လို့  Sky Italia ပြောကြား သွားခဲ့ပါ တယ်။
 
အဆိုပါ နိုင်ပွဲကြောင့် အင်တာမီလန် အသင်းဟာ အမှတ်ပေးဇယား အဆင့် (၁) နေရာကို ပြန်လည်တက်လှမ်း နိုင်ခဲ့ပြီး ဒုတိယနေရာက ဂျူဗင်တပ်စ် အသင်း ကို (၂) မှတ် ဖြတ်ထား နိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းဟာ ဒီရာသီမှာ ခံစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီး (၅) ပွဲကစားထားပြီး အခြေအနေမှာ ပေးဂိုး(၁) ဂိုးသာ ခွင့်ပြုပေးထားရပါတယ်။

ကွန်တီဟာ ၂၀၁၆ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး စတင်ကိုင်တွယ်တဲ့နှစ်မှာတင် ပရီးမီးယားလိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလည်း စီးရီးအေမှာ နှစ်အတော်ကြာ စိုးမိုးနေတဲ့ ဂျူဗင်တပ်စ်အသင်းကို ကျော်ပြီး စတင်ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာတင် အမှတ်ပေးဖလားကို ရရှိအာင် စွမ်းဆာင်နိုင်မလား ဆိုတာတော့ စိတ်ဝင်စားရာပါ။
 
ကွန်တီ ရဲ့ လက်အောက် အင်တာမီလန် အသင်း ရဲ့ စွမ်းဆောင်ရည်
 
အင်တာမီလန် ၄-၀ လက်ချီ
 
ကယ်ဂလီယာရီ ၁-၂ အင်တာမီလန်
 
အင်တာမီလန် ၁-၀ အူဒီးနိးစ်
 
အင်တာမီလန် ၁-၁ ဆလားဗီးယားပရပ်(UCL)
 
အေစီမီလန် ၀-၂ အင်တာမီလန်
 
အင်တာမီလန် ၁-၀ လာဇီယို

 


26 Sep 2019     1,381 Views




RELATED

Most Popular of Football

Most Popular of Sport