BEC-TERO TV

လေယာဉ်တက်ခါနီး အရေးပေါ်တံခါးပေါက် ဖွင့်ချလိုက်တဲ့ခရီးသည် (ရုပ်သံ)

26 Sep 2019     1,694 Views


လေယာဉ်ဟာ ပျံသန်းဖို့အတွက် ပြေးလမ်းပေါ်မှာ အသင့်အနေအထားနဲ့ ရှိနေချိန်မှာ လေယာဉ်စီးခရီးသည် အမျိုးသမီးကြီးတစ်ဦးက သူ့ရဲ့ ထိုင်ခုံဘေးမှာရှိတဲ့ အရေးပေါ်တံခါးကို ရုတ်တရက်ဖွင့်ချလိုက်တာကြောင့် ချက်ခြင်း စက်သတ်ရပ်တန့်လိုက်ရတဲ့ အဖြစ်ပျက်တစ်ခု စက်တင်ဘာ ၂၃ ရက်နေ့က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
 
တရုတ်နိုင်ငံ ဝူဟန် ကနေ လန်ကျိုးကို ပျံသန်းထွက်ခွာမယ့် လေယာဉ်တစ်စီးမှာ ဖြစ်သွားခဲ့တာပါ။ လေယာဉ်အမှုထမ်းများက အမျိုးသမီးကြီးကို မေးမြန်းရာမှာ အသက်ရှုကြပ်တဲ့အတွက် လေကောင်းလေသန့်ရအောင် ဖွင့်လိုက်တာလို့ ဆိုပါတယ်။
 
ဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ် တစ်နာရီကြာ နှောင့်နှေးခဲ့ရကြောင်း တရုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
 
 
အမျိုးသမီးကြီးကိုတော့ လေယာဉ်နဲ့အတူ လိုက်ပါခွင့်မပြုပဲ လက်တလောအချိန်ထိ ရဲစခန်းမှာ စစ်ဆေးခံနေရကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ် ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူတွေများပြားနေပါတယ်။

26 Sep 2019     1,694 Views




RELATED

Most Popular of Special or Others

Most Popular of NEWS