BEC-TERO TV

တိုက်ခိုက်ရေးရဟတ်ယာဉ်(၈)စင်း ထိုင်းစစ်တပ် ဝယ်ယူအားဖြည့်

26 Sep 2019     1,980 Views


အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်(၈)စင်း အပါအဝင် အခြားစစ်သုံးပစ္စည်းများကို အမေရိကန်ဘက်မှ ထိုင်းစစ်တပ်ကို ဘတ်ငွေ ၁၂ ဘီလီယံဖိုး ရောင်းချပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရက စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
 
ဘိုးရင်းကုမ္ပဏီထုတ် AH6I ဟယ်လီကော်ပတာ (၈)စင်းအပြင် ၎င်းတို့မှာ တပ်ဆင်အသုံးပြုရတဲ့ လက်နက်ပစ္စည်းတွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖိုးလောက် ပါဝင်ပါတယ်။  ဒီလက်နက်တွေထဲမှာ အကြိမ် ၅၀ ပစ် တင်ကားဖျက်လက်နက် AGM-114R ၊ ဒုံးကျည် အစင်း ၂၀၀ နဲ့ အကြိမ် ၇၀ ဆက်တိုက်ပစ်နိုင်တဲ့ လက်နက်တွေ ပါဝင်ပါတယ်။
 
ဒါ့အပြင် မြန်နှုန်းမြင့် စက်သေနတ် (၁၀)စုံ၊ ပေါက်ကွဲအားပြင်းသည့် စက်သေနတ်အမျိုးအစား (၄)စုံ တို့လည်း ပါဝင်ပါတယ်။ လက်နက်တွေအပြင် ရေဒါ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဟယ်လီကော်ပတာတွေမှာ တပ်ဆင်မယ့် လမ်းပြကရိယာများ၊ ညကြည့်မျက်မှန် အစုံ(၂၀) တို့ ပါဝင်ပါတယ်။
 
 
အသစ်ဝယ်ယူလိုက်တဲ့ တိုက်ခိုက်ရေး ဟယ်လီကော်ပတာ(၈)စင်းကို လက်ရှိ ထိုင်းတော်ဝင်စစ်တပ်မှာ အသုံးပြုနေတဲ့ AH-1F Cobra ရဟတ်ယာဉ် ၇ စီးနေရာမှာ အစားထိုးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဌါနရဲ့ကိုယ်စား ကာကွယ်ရေး လုံခြုံရေး ကော်ပိုရေးရှင်းက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။
 

26 Sep 2019     1,980 Views




RELATED

Most Popular of International News

Most Popular of NEWS