BEC-TERO TV

မန်ယူအသင်းနည်းပြနေရာအတွက် Ready ဖြစ်နေတဲ့ အာစင်ဝင်းဂါး

26 Sep 2019     1,358 Views


အာဆင်နယ်အသင်းနည်းပြဟောင်းဖြစ်တဲ့ အာစင်ဝင်းဂါးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဟာ  နည်းပြတိုင်းရဲ ့အိမ်မက်တစ်ခု ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ယခုအချိန်မှာ မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကြုံတွေနေပြီး ဆိုးလ်ရှားလည်း နည်းပြရားထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

အကယ်လို့သာ မန်ချက်စတာယူနိုက်တက်အသင်းက ဆိုးလ်ရှားကို ထုတ်ပယ်ပြီး အာစင်းဝင်းဂါးကို ကမ်းလှမ်းခဲ့ပါက ဝင်းဂါးအနေဖြင့် လက်ခံဖို့ Ready အနေအထားမှာရှိနေတာဖြစ်ပါတယ်။ အာစင်းဝင်းဂါးဟာ အာဆင်နယ်အသင်းကို နှစ်အတော်ကြာ ကိုင်တွယ်ထားပြီး ဘယ်အသင်းမှမရဖူးသေးတဲ့ ပရီးမီးယားလိဂ် ရွှေဖလားကြီးကိုလည်း ရအောင်ယူပေးထားနိုင်သူဖြစ်ပါတယ်။ ဒါ့အပြင် လှပတဲ့ကစားကွက် ကစားဟန်တွေကြောင့် ဘောလုံးချစ်ပရိတ်သတ်တွေ နှစ်ခြိုက်စေခဲ့တာအမှန်ပါပဲ..။

အာစင်ဝင်းဂါးက “မန်ယူအသင်းကိုင်တွယ်ဖိုဆိုတာ နည်းပြတိုင်းရဲ ့အိမ်မက်တွေပါပဲ..။ ကျွန်တော့မှာ အိုင်ဒီယာရှိပါတယ်။ နောက် ယုံကြည်မှုလည်း အပြည့်ပါ။ မန်ယူအသင်းကို လမ်းကြောင်းမှန်ကို ရောက်အောင် တည်ဆောင်ပေးနိုင်လိမ့်မယ့်လို ယုံကြည့်နေပြီး ဝင်ဂါးက သူအနေနဲ့ မန်ယူနည်းပြရားထုူးကို လက်ခံယူဖို့အဆင့်သင့်ဆိုတာကို ” Fox Sports Asia နဲ့တွေ ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
မနေ့ညက မန်ယူအသင်းဟာ ကွာရာဘောင်း စတုတ္ထအဆင့်ပွဲစဉ်မှာ လိဂ် ၁ မှ Rochdale အသင်းကို မိနစ် (၉၀) သရေရလဒ်သာ ထက်ပေါ်နိုင်ခဲ့ပြီး ပင်နယ်တီမှာသာ ၅-၃ ဖြင့်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ (၆) ပွဲကစားထားပြီး (၂) ပွဲသာအနိုင်ရကာ ခြေစွမ်းမှာ အားရစရာမရှိတာကို တွေ ့မြင်ရပါတယ်။
 
ဒါကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြရားထူကို အာစင်းဝင်းဂါးကို အံအားသင့်စွာ ခန့်အပ်သွားမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ…။

26 Sep 2019     1,358 Views




RELATED

Most Popular of Football

Most Popular of Sport