BEC-TERO TV

ခွေးကို ကားအပြင်ဘက်နောက်မြီးမှာ ကြိုးချည်ပြီး မောင်းနှင်သူ အရေးယူခံရ

27 Sep 2019     2,166 Views


တရုတ်နိုင်ငံ စီချွမ်းမြို့က SUV ကားမောင်းသူတစ်ဦးဟာ သူ့ရဲ့ခွေးလေးကို ကားထဲမှာမထားပဲ ကားဖင်နောက်မြီး ဘန်ဘာပေါ်တင်ပြီး ကြိုးနဲ့ချည်ထားကာ မြို့ထဲကို မောင်းနှင်သွားခဲ့တဲ့အတွက် ဒီအဖြစ်ပျက်ကို မြင်ရသူတိုင်း ခွေးလေးကို သနားပြီး စိတ်မကောင်းဖြစ်ကြရပါတယ်။
 
ဒီရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီးနောက် SUV ပိုင်ရှင်ကို ယာဉ်ထိန်းရဲက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှ သူက ခွေးအမွှေးတွေ သူ့ရဲ့ ကားထဲမှာ ကျွတ်ကျန်ခဲ့မှာ မလိုလားလို့ ခွေးကို ကားရဲ့နောက်ပိုင်းအပြင်ဘက်က ဘန်ဘာလေးမှာ ကြိုးနဲ့ချည်ပြီး တင်ခေါ်သွားရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
 
အခုလိုမျိုး ခွေးကို ကာအပြင်ထုတ်ပြီး မောင်နှင်သွားတာရယ်၊ အချက်ပြမီးမပြပဲ လမ်းကြောင်းပြောင်းတာရယ်ကြောင့် ဒဏ်ငွေ တရုတ်ယွမ် ၅၀ ဆောင်ခဲ့ရကြောင်း သိရှိရသည်။

27 Sep 2019     2,166 Views




RELATED

Most Popular of Special or Others

Most Popular of NEWS