BEC-TERO TV

သုဝဏ္ဏ တံတားသစ်ယာဉ်စတင်ဖြတ်သန်းခွင့်ပြု

10 Sep 2015     1,331 Views


ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်နဲ့ဒေါပုံမြို့နယ်ကိုဆက်သွယ်တည်ဆောက်ထားတဲ့ငမိုးရိပ်တံတား(သုဝဏ္ဏ)ကိုစက်တင်ဘာလ(၉)ရက်နေ့မနက်ပိုင်းကစတင်ပြီး ယာဉ်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနဲ့ဒေါပုံမြို့နယ်တို့ကိုဆက်သွယ်သွားလာရာမှာအရင်ကတံတားဟောင်းက ၂ လမ်းသွားဖြစ်တာကြောင့်ယာဉ်ကြောကြပ်တောက်မှုဖြစ်ပြီးမော်တော်ယာဉ်များသွားလာမှုနှောင့်နှေးခဲ့တာဖြစ်ပါတယ်။ယခုအခါဒီတံတားနဲ့ဘေးချင်းကပ်မှာ ၂လမ်းသွားတံတား အသစ်တစ်စင်းကို ပြီးခဲ့တဲ့နှစ်စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ မှာတော့ယာဉ်စတင်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။


10 Sep 2015     1,331 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS