BEC-TERO TV

စပါးနည်းပြ ပိုချက်တီနိုကိုပေါင်သန်း (၃၂)ဖြင့်ခေါ်ယူမယ့်မန်ယူ နှင့် အားကစားသတင်းတိုများ

27 Sep 2019     1,374 Views


မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးနည်းပြ ပိုချက်တီနိုကို မငြင်းပယ်နိုင်တဲ့ လစာအများအပြားပေးပြီး ခေါ်ယူဖို့ ကြိုပမ်းနေတယ် The Sun ရဲ ့ဖော်ပြချက်အရသိရပါတယ်။ မန်ယူအသင်းဟာ ပိုချက်တီနိုခေါ်ယူဖို့ ပေါင် (၃၂) သန်း အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ ဒီရာသီမှာ မန်ယူအသင်းဟာ ရလဒ်ဆိုးတွေကြုံတွေနေပြီး အသင်းနည်းပြ ဆိုးလ်ရှားလည်း ရားထူးမှ ထုတ်ပယ်ခံရဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ်က စပါးအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချိန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။
 
မန်ချက်စတာယူနိုက်တတ်အသင်းနှင့် ချဲလ်ဆီး ဒါရိုက်တာဟောင်း ပီတာ ကန်ယွန်ဟာ နယူကာဆယ်အသင်းကို ပေါင် သန်း (၃၀၀) ဖြင့် ဝယ်ယူဖို့  ဆန္ဒရှိနေတယ်လို့ Daily Mail ရဲ ့ဖော်ပြချက်အရ သိရပါတယ်။
 
မန်ယူအသင်း ကွင်းလယ်လူ ပေါ့ဘာဟာ နောက်လာမည့် ဇန်နဝါရီ အပြောင်းအရွေ ့မှာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေ ့တုန်းက အသင်းပြောင်းမယ့် သတင်းတွေ ထွက်ပေါ်ခဲ့ပေ့မယ် နောက်ဆုံးမှာ မန်ယူအသင်းမှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
 
အခုနောက်ပိုင်းမှာ မန်ယူအသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ ့နေပြီး အသင်းနည်းပြ ဆိုးလ်ရှားလည်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ဂိုးသမား ဒီဂီယာအပါအဝင် မန်ယူအသင်းသားတွေဟာ နည်းပြဆိုးလ်ရှားကို ထောက်ခံလှျှှက်ရှိပြီး ဆိုးလ်ရှားအတွက် နောက်ဆုံးအထိ တိုက်ပွဲဝင် ပေးဆပ်သွားမယ်လို့ ဆိုပါတယ်။

27 Sep 2019     1,374 Views




RELATED

Most Popular of Football

Most Popular of Sport