ဇနီးသည်နဲ့ လမ်းခွဲပြီးမှ အရင်ကထက်ပိုချော ပိုသန့်လာတဲ့ ဆောင်းဂျွန်ကီ
27 Sep 2019 2,328 Views

တောင်ကိုးရီးယား ထိပ်တန်းစာရင်းဝင် မင်းသားတစ်လက်ဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ လတ်တလော Youtube Channle Swoon ကတင်ဆက်တဲ့ photoshoot တစ်ခုမှာ Arthdal Chronicles မှ သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ထားပါတယ်။

"ဆောင်းဂျွန်ကီဟာ အသားအရေကြည်လင်လွန်းတဲ့ အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဓာတ်ပုံတွေမှာလဲ အရင်ကထက် ပိုချောပြီး ပိုသန့်လာတာကို မြင်တွေ့ရမှာပါ။"
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ မှာ ဇနီးသည် ဆောင်းဟယ်ကျိုနဲ့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာကြောင့် Arthdal Chronicle season 2 နဲ့ 3 မှာ season 1 ထက် ကြည့်ရှုသူ လျော့နည်းသွားပေမယ့် အမာခံပရိတ်သတ်တွေကတော့ ဆောင်းဂျွန်ကီကို ဆက်လက်စောင့်မျှော် အားပေးကြည့်ရှုခဲ့ကြပါတယ်။
.jpg)
ဆောင်းဂျွန်ကီဟာ ဇနီးသည် ဆောင်းဟယ်ကျိုနဲ့ ကွာရှင်းပြီးနောက် မိဘနေအိမ်သို့ ပြန်သွားပြီး မိသားစုဘဝရဲ့ နွေးထွေးမှုကို ပြန်လည်ရယူခဲ့ပါတယ်။ နွေးနွေးထွေးထွေးရှိလိုတဲ့ သူနဲ့ အလုပ်ကိုသာ ချစ်ခင်မြတ်နိုးတဲ့ ဆောင်းဟယ်ကျိုတို့ သဘောထားချင်း မတိုက်ဆိုင်တော့ဘဲ ညှိနှိုင်းလို့မရတော့တဲ့ အဆုံးမှာ လမ်းခွဲခဲ့ကြတာပါ။

အခုမြင်တွေ့ရတဲ့ ဆောင်းဂျွန်ကီ အခြေအနေအရ အဆင်ပြေနေတယ်လို့ ဆိုရမှာပါပဲ။
Ref:koreaboo
(ပိုပိုေလး)







