BEC-TERO TV

ကားလမ်းမလယ်မှာ ကစားဖော်ရဲ့ အလောင်းနားကမခွာပဲ စောင့်ပေးနေတဲ့ခွေးလေး

27 Sep 2019     1,808 Views


ခွေးတွေဟာ လူတွေထက်ပိုပြီး သစ္စာရှိတယ်ဆိုတာ မှန်ကန်ကြောင်း အထပ်အခါခါ သက်သေပြဖို့ လိုပါသေးလား..?
လိုသေးတယ်ဆိုရင်တော့ ဒီရုပ်သံလေးကို ကြည့်လိုက်ပါ။ ရင်ထဲမှာ ဆို့နင့်သွားအောင် သနားစရာချစ်စရာကောင်းတဲ့ စွန့်ပစ်ခံလမ်းဘေး ခွေးလေးတစ်ကောင်က ကားအလွန်ရှုပ်တဲ့ လမ်းမပေါ်မှာ ကားတိုက်ပြီး သေသွားခဲ့တဲ့ သူ့သူငယ်ချင်းခွေးလေးရဲ့ အလောင်းဘေးနားမှာ သူပါကားတိုက်ခံရမှာကို မမှုပဲ ၃ နာရီကျော်ကြာ ရပ်စောင့်ပေးနေခဲ့ပါတယ်။
 
 
 
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံ ဂွီကျိုးစီရင်စုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ခွေးလေးဟာ သူ့အဖော်ရဲ့အနားမှာ တငြီးငြီးတငြူငြူ အသံပြုရင်း လျှက်ပေးတာတွေ လုပ်ပေးနေခဲ့ပါတယ်။ သူ့ရဲ့အဖော် သေသွားပြီဆိုတာကို သူမသိပဲ နာရီအတော်ကြာ နှိုးနေခဲ့တာ ဖြစ်ပါတယ်။
 
သေသွားတဲ့ခွေးလေးရဲ့ ပိုင်ရှင်ဖြစ်သူက လမ်းဘေးခွေးလေးဟာ သူ့ခွေးနဲ့ ကစားနေကျ သူငယ်ချင်းဖြစ်တယ်လို့ဆိုပါတယ်။ လမ်းသွားလမ်းလာတွေက ခွေးလေးရဲ့ အလောင်းကို သင်္ဂြိုလ်ပေးဖို့ သယ်သွားတဲ့အခါ ခွေးလေးကလည်း နောက်ကနေတောက်လျောက် လိုက်ပါသွားတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ဆိုပါတယ်။
 
သစ္စာရှိပြီး အစွဲလန်းကြီးတတ်တဲ့ ခွေးလေးဟာ နောက်ထပ်အချိန် ဘယ်လောက်ကြာအောင် တမြေ့မြေ့နဲ့ ခံစားနေရဦးမလဲဆိုတာ မခန့်မှန်းတတ်တော့ပါဘူး။

 


27 Sep 2019     1,808 Views




RELATED

Most Popular of Special or Others

Most Popular of NEWS