BEC-TERO TV

အံ့သြစရာဝက်ဝံရုပ်ကြီးနဲ့အတူ နောက်ဆုံးပေါ် IPhone ကြီးလက်ဆောင်ရခဲ့တဲ့ ထူးအောင်

27 Sep 2019     1,742 Views


ကြွက်သားအဖုအထစ်တို့ပြည့်နှက်နေတဲ့ဘော်ဒီနဲ့ ယောကျာ်းပီသတဲ့ရုပ်ရည်သွင်ပြင်တို့ပေါင်းစပ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အသဲကိုဖမ်းစားထားတဲ့ ထူးအောင်ကတော့ အနုပညာလောကထဲမှာ အဟော့စား အမိုက်စား မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် ထင်ရှားသူပါ။ အနုပညာလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ကားကြီးတွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့အားပေးလက်ခံမှုတွေကို ရရှိထားသူပါ။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကြောင့် အွန်လိုင်းဆိုရှယ်မီဒီယာတောင် သိပ်မသုံးဖြစ်တော့တဲ့ ထူးအောင်က ယနေ့မှာတော့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ အံ့သြဝမ်းသာစရာအကြောင်းအရာလေးတစ်ခုကို တင်ခဲ့တာတွေ့ရပါတယ်။ အဲ့တာကတော့ ထူးအောင်တစ်ယောက် သူ့ကိုအခိုင်အမာအားပေးနေတဲ့ Fan တစ်ယောက်ဆီက ယခုနောက်ဆုံးပေါ် IPhone 11 Promax ကြီးကို လက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

သူ့ကိုအားပေးနေတဲ့ ပရိသတ်တစ်ယောက်က ချစ်စရာကောင်းတဲ့ဝက်ဝံရုပ်ကြီးနဲ့အတူ ဝက်ဝံရဲ့ကိုယ်ထဲမှာ IPhone ကိုထည့်ပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ ထူးအောင်က “ထူးခြားတဲ့ဝက်ဝံရုပ်....
 
၂၅ရက်နေ့ကဒီအရုပ်လေးကို Fanတစ်ယောက်ကလက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်လဲရိုက်ကူးရေးလုပ်နေတာကြောင့် အမှတ်တမဲ့ပဲထားလ်ုက်တယ်။ ဒီနေ့ထုပ်ကြည့်တော့မှ စာလေးတစ်ဆောင်တွေ့တယ်။ တွေ့လိုက်ရတာ Iphone11 Promax 512GBတစ်လုံး။ ဖြစ်ချင်တော့ ကျွန်တော်လဲအဲ့အရောင် အဲ့အမျိုးအစားကိုမှာထားပြီးသားဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်အမှတ်တရတော့ဖြစ်ခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ပို့ပေးတဲ့သူကို။ ဆက်လက်ပြီးအများကြီးကြိုးစားနေပါတယ်” ဆိုပြီး ကျေးဇူးတင်ကြောင်း ရေးသားခဲ့တာပဲဖြစ်ပါတယ်။
 

သူ့ရဲ့အကြိုက်နဲ့ တစ်ထေရာတည်းတူအောင် လက်ဆောင်ပေးခဲ့တဲ့ ပရိသတ်က နတ်သမီးများလားကွယ်....

 


27 Sep 2019     1,742 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment