အရင် သမ္မတဟောင်းရဲ့ blacklist စာရင်းဝင်ဖြစ်ခဲ့ဖူးတဲ့ သရုပ်ဆောင် လီဂျွန်ကီ
30 Sep 2019 1,626 Views

မြန်မာပရိတ်သတ်တွေ “K” လို့သိကြတဲ့ သရုပ်ဆောင် လီဂျွန်ကီဟာ အရင် ကိုးရီးယားသမ္မတဟောင်း Lee Myung Bak လက်ထပ်တုန်းက Blacklist စာရင်းဝင်ဖူးသူတစ်ဦးပဲဖြစ်ပါတယ်။
ဒီသမ္မတဟောင်းဟာ သူနဲ့ အတွေးအခေါ်ရှုထောင့် မတူသူတွေကို Blacklist ထဲ ထည့်တဲ့နေရာမှာ နာမည်ကြီးသူတစ်ဦးပါ။
"လီဂျွန်ကီ Blacklist ထဲ ထည့်ခံလိုက်ရတဲ့အကြောင်းအရင်းကတော့ ၂၀၀၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “May 18” ရုပ်ရှင်ကားကြီးမှာ သူပုန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။"
လီဂျွန်ကီ သမ္မတရဲ့ Blacklist စာရင်းထဲပါဝင်နေတာကြောင့် သူ့ပရိတ်သတ်တွေကတော့ အကြီးအကျယ် စိုးရိမ်ခဲ့ကြပါတယ်။
Blacklist ဆိုတာဟာ အနုပညာရှင်တွေကို သပ်သပ် ညှင်းဆဲဖို့ သမ္မတက သတ်မှတ်ထားတာဖြစ်တယ်လို့ ပြည်သူတွေက ပြောကြပါတယ်။
လီဂျွန်ကီ အပါအဝင် ဟာသပညာရှင်တွေဖြစ်ကြတဲ့ Kim Gura နဲ့ Kim Je Dong တို့လဲ အရင် သမ္မတဟောင်းရဲ့ blacklist စာရင်းထဲ ပါဝင်ခဲ့ကြပါတယ်။
Ref:koreaboo
(ပိုပိုေလး)