ပရိတ်သတ်တွေ အံအားသင့်သွားရတဲ့ Cha Eun Woo ရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာ
30 Sep 2019 2,696 Views

Astro အဖွဲ့ဝင် Cha Eun Woo ဟာဆိုရင် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးကြတဲ့ အဆိုတော်၊ သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။
Eunwoo ဟာ လတ်တလော Astro Youtube channel ကတင်ဆက်တဲ့ Eunwoo like အစီအစဉ်မှာ သူ့ရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာကို ဖော်ပြလိုက်ပါတယ်။
Cha Eun Woo မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာဟာ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာနဲ့ ကွာခြားချက် ကြီးကြီးမားမား သိပ်ရှိမနေတာကို တွေ့ရမှာပါ။
Cha Eun Woo ရဲ့ မျက်နှာဟာ မျက်နှာခွဲစိတ်ဆရာဝန်တွေကြားမှာ ရေပန်းစားတဲ့ မျက်နှာတစ်ခုအဖြစ် သတ်မှတ်တာကိုလဲ ခံထားရပါတယ်။ မျက်နှာခွဲစိတ်လိုသူတွေအနေနဲ့ Cha Eun Woo လို နှုတ်ခမ်းမျိုး၊ Cha EunWoo လို နှာခေါင်းမျိုး၊ Cha Eun Woo လို မျက်လုံးမျိုး အစရှိသဖြင့် စံနမူနာအနေနဲ့ ပြသပြီး လာရောက်ခွဲစိတ်ကြကြောင်း allkpop မီဒီယာမှာ ရေးသားထားပါတယ်။
လူအများက Cha Eun woo လို မျက်နှာမျိုးရရှိဖို့ ခွဲစိ်တ်ပြုပြင်နေကြပေမယ့် Cha Eun woo ကတော့ မွေးကတည်းက လူချောလေးဆိုတာ သူ့ငယ်ဘဝ ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
Ref:koreaboo
(ပိုပိုေလး)