BEC-TERO TV

ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိကန်တော်မင်္ဂလာပန်းခြံကိုဦးဥတ္တမပန်းခြံအဖြစ်တရား ၀င်သတ်မှတ်ပြောင်းလဲဖွင့်လှစ်ပြီးဖြစ်

10 Sep 2015     1,490 Views


နယ်ချဲ့လက်အောက်ကာလမှာနိုင်ငံသားတွေကိုမျိုးချစ်စိတ်ဓာတ်တက်ကြွလာစေဖို့အတွက်တဖက်တလမ်းကနေပါဝင်လှုပ်ရှားခဲ့တဲ့ဆရာတော် အရှင်ဥတ္တမကိုဂုဏ်ပြုတဲ့အနေ နဲ့ပါလီမန်ဒီမိုကရေစီခေတ်မှာ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာကန်တော်မင်္ဂလာပန်းခြံအဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်မှာတော့ ကန်တော်မင်္ဂလာ ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်ပြောင်းလဲသတ်မှတ်ပေးဖို့အတွက်တောင်းဆိုခဲ့ ပြီး ယခုနှစ်မှစတင်ကာပြောင်းလဲဖွင့်လှစ်ပေးဖို့ခွင့်ပြုပေးခဲ့အတွက်ရွှေတိဂုံဘုရားတောင် ဘက်မုခ်ရှိကန်တော်မင်္ဂလာပန်းခြံကိုစက်တင်ဘာလ ၉ ရက်နေ့ ကစတင်ကာ ဦးဥတ္တမ ပန်းခြံဖြစ်တရားဝင်သတ်မှတ်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။


10 Sep 2015     1,490 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS