BEC-TERO TV

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း (၃၃) သင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒို

02 Oct 2019     1,514 Views


မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု (D) ပွဲစဉ်ရဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ လေဗာကူှဆင်အသင်းကို ၃-၀ ဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲချိန် (၈၈) မှာသွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း (၃၃) သင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 
 
ဒါကြောင့် ရော်နယ်ဒိုဟာ စပိန်အသင်းနှင့် ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရာအူးလ်စံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲပြီးနောက် အသက် (၃၄) နှစ်အရွယ်ရော်နယ်ဒိုဟာ အနာဂါတ်နဲ့ ပါတ်သတ်ပြီး ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ သူဟာ အသက်အရွယ်တချို့ရလာပေမယ့် သွင်းဂိုးတွေသွင်းယူနိုင်ဆဲပဲ ဖြစ်ပါတယ်။
 
ရော်နယ်ဒိုက “ကျွန်တော့ ဘောလုံးအားကစားကို အခုထိချစ်တုန်းပါ။ ကျွန်တော်ကို ချစ်တဲ့သူတွေ ၊ ဘောလုံးချစ်ပရိတ်သတ်တွေကို ကျွန်တော်ကစားနိုင်တဲ့ အချိန်ထိ ဖျောဖြေပေးသွားဦးမှာပါ။ ဒီနောက်ဆုံး ၅ နှစ်တာမှာ အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ် နောက်နှစ် (ဒါမှမဟုတ်) ၂ နှစ်လောက်အကြာမှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး ” လို့ပြောကြားလာပါတယ်။ 
 
ရော်နယ်ဒိုဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၇) ပွဲမှာ သွင်းဂိုး (၄) ဂိုးသွင်းယူထားနိင်ခဲ့ပြီး လေဗာကူဆင်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဒီရာသီချန်ပီယံလိဂ်  ပထမဆုံးသွင်းဂိုးဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်စီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်း (၃၂) သင်းကို ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ 
 
 

02 Oct 2019     1,514 Views




RELATED

Most Popular of Football

Most Popular of Sport