BEC-TERO TV

မသေကောင်းမပျောက်ကောင်း ခြင်္သေ့ရုံထဲ ဝင်သွားတဲ့အမျိုးသမီး (ရုပ်သံ)

02 Oct 2019     1,897 Views


အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ The Bronx Zoo တိရိစ္ဆာန်ရုံထဲက ခြင်္သေ့တွေပြသထားတဲ့ ​နေရာကို အမျိုးသမီးတစ်ဦးက ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီးနောက် အာဖရိက ခြင်္သေ့ကြီးတစ်ကောင်ကို သွားစနေတဲ့ ကျောချမ်းစရာအဖြစ်ပျက်တစ်ခု စက်တင်ဘာ ၂၈ ရက် စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။

တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ အမျိုးသမီးဟာ ခြင်္သေ့တစ်ကောင်ရဲ့ ရှေ့မလှမ်းမကမ်းကို သွားကာ ကပြနေတာတွေ၊ စနောက်နေတာတွေ တွေ့ခဲ့ရပါတယ်။ ခြင်္သေ့က ရှေ့ကို တစ်လှမ်း နှစ်လှမ်းတိုးလာတာတောင် အမျိုးသမီးဟာ လုံးဝကြောက်ရွံပုံမရပါဘူး။

“ဒီလုပ်ရပ်ဟာ တားမြစ်ထားတဲ့နေရာကို ဥပဒေချိုးဖောက်ကာ ကျူးကျော်ဝင်ရောက်တာဖြစ်ပြီး အရမ်းအန္တရာယ်များတဲ့ ကိစ္စဖြစ်ကြောင်း အသက်သေဆုံးတဲ့ထိ ဖြစ်သွားနိုင်တယ်လို့” တိရိစ္ဆာန်ရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲတွေက ဒီအမျိုးသမီးကို ရှာဖွေနေဆဲဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြပါရှိသည်။


02 Oct 2019     1,897 Views




RELATED

Most Popular of Special or Others

Most Popular of NEWS